Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၅ ဇွန်လအတွင်းက ဖားကန့်မြို့ကို ဝင်လာလာတဲ့ စစ်တပ်စစ်ကြောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ

အောက်တိုဘာ-၁၃၊၂၀၂၅။​လူအေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ၁၀ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇၀ထက်မနည်း သေဆုံးခဲ့တာဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

” အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကို လေးဘက်လေတန်ပိတ်တိုက်တာ။ လေကြောင်းကနေ နှစ်ကြိမ်‌တောင် ဗုံးကြဲတဲ့နေ့လေ။ အခုလည်း စစ်ကောင်စီစစ်ကြောင်းရှိနေသေးသလို အလောင်းတွေလည်းပြန်ကြဲနေတယ်။ လှမ်းမြင်ရတယ်”လို့ အဲဒီသတင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နမ့်မဖြစ်ကျေးရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းကျေးရွာမှာ အောက်တိုဘာလဆန်းကစတင်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၁၀ရက်မှာတော့ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး မနက် ၇နာရီကျော်ခန့်မှာ တကြိမ်၊ ညနေ ၄နာရီ၁၀မိနစ်ခန့်မှာတစ်ကြိမ် Y12ရော၊ ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာပါ။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ SNA ရှမ်းနီတပ်က စနိုက်ဘာသမားတစ်ဦးနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိထားတယ်လို့ သိရပါတယ်။

” စနိုက်ဘာသမားက SNA တပ်ဖွဲ့ဝင်ဖြစ်တယ်။ မူးယစ်ဆေးတွေပါ သုံးထားတယ်။သူ့ရှေ့မှာလူတွေအများ၏သေထားတော့ သွေးပျက်နေတယ် “လို့ KPDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဖားကန့်‌‌ဒေသကို တပ်မ(၃၃) လက်အောက်ခံတပ်တွေ၊ ရှမ်းနီတပ်(SNA)နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပူးပေါင်းတပ်တွေကို စေလွှတ်ပြီး KIA၊KPDFထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။

တိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့ လေကြောင်းနဲ့လက်နက်ကြီးရန်အပြင် မြေပြင် စစ်ကြောင်းရန်ကိုပါသတိပြုကြဖို့ KIAက သတိပေးထားပါတယ်။

အောက်တိုဘာ၁၀ရက်က ဖားကန့်အပြင် ဝိုင်းမော်မြို့၊ လမြန်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး လက်ရှိမှာ နှစ်နေရာစလုံးတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ