Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ​ပြောက်ကျားတပ်ဖွဲ့က ကင်းလှည့်​နေတဲ့စစ်​ကောင်စီကား​ပေါ် ဗုံးပစ်သွင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်ကားပေါ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိကြောင်း သတင်းရရှိပါတယ်။

တဘက်ယာဥ်ကြောပေါ်တွင်တိုက်ခိုက်ခံရသော စစ်ကောင်စီယာဥ်အား တွေ့ရစဥ် ဓာတ်ပုံ-File Video

အောက်တိုဘာ-၁၃၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်ကားပေါ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက် ၁၁ နာရီခန့်က မိတ္ထီလာမြို့ပေါ်မှာ ကင်းပတ်ပြန်လာတဲ့ ရဲကားပေါ်ကို ပညာရေးတက္ကသိုလ်အနီးမှာ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ရဲအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ SATAN UG အဖွဲ့က ထုတ်ပြန်ပါတယ်။ ထိခိုက်သူတွေကို မိတ္ထီလာ ဆေးရုံမှာ ဆေးကုသနေတယ်လို့ SATAN UG အဖွဲ့က ဆိုပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထပ်မံ​မေးမြန်းဖို့ အထက်ပါအဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ ကားပေါ်ပါ ရဲတပ်သားသုံးဦးနဲ့ ဝန်ထမ်းတဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာအချို့မှာ ဖော်ပြပါတယ်။

“ဆိုင်ကယ်နဲ့ ပစ်သွားတာပြောတယ်။ ကားပေါ်ကလည်း တယောက်က ခုန်ချတာ ဒဏ်ရာရတယ်”လို့ မိတ္ထီလာဒေသခံတဦးက ပြောပါတယ်။

မိတ္ထီလာမြို့ဟာ စစ်ကောင်စီရဲ့တပ်တွေအခြေစိုက်ရာ မြို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေပါ လုံခြုံရေးအင်အား အများအပြားရှိနေတဲ့ကြားက တိုက်ခိုက်ခံရတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး၂၀၂၁ခုနှစ်အောက်တိုဘာလအတွင်းကလည်း မိတ္ထီလာမြို့ပေါ်မှာ ရဲစခန်းအနီး ဗုံးခွဲ တိုက်ခိုက်ခံရပြီး စစ်သားနဲ့ရဲတချိူ့ ထိခိုက်မှု ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာလည်း မိတ္ထီလာရှမ်းတဲလေတပ်စခန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ