Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကို ဒီနေ့အောက်တိုဘာ ၁၃ရက်နေ့ မွန်လွဲပိုင်း ၁နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သွားပါတယ်။။

အောက်တိုဘာ-၁၃၊ ၂၀၂၅။ လူအေး/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကို ဒီနေ့အောက်တိုဘာ ၁၃ရက်နေ့ မွန်လွဲပိုင်း ၁နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သွားပါတယ်။။

နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာဖြစ်ပြီး အသေးစိတ်အခြေအနေကို ထပ်မံအသိပေးမယ်လို့TNLAက ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

နမ့်ဆန်မြို့နယ်ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့က ကျောက်မဲမြို့ကို ပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း TNLA ထိန်းချုပ်မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းက နေ့စဉ်တိုက်ခိုက်နေပါတယ်။ အောက်တိုဘာ ၄ရက်နေ့လည်ကလည်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးသေဆုံးပြီး ကလေးခြောက် ဦးအပါအဝင်ကိုး ဦးဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

TNLAဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကို သိမ်းယူခဲ့တာပါ။

အောက်တိုဘာ ၁ရက်ကနေ ဒီနေ့ အောက်တိုဘာ ၁၃ရက်အတွင်း မိုးကုတ်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ နန့်ဆန်၊ မိုးမိတ်၊ မိုင်းလုံ၊ သီပေါမြို့တွေကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၂၈ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ