Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်ကမ်းဘေးကကျေးရွာတွေကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေးက ကျေးရွာတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ဒုတိယပတ်မှာ စစ်တောင်းမြစ်ကမ်းဘေးက ကျေးရွာတရွာကို စစ်ကောင်စီတပ်တွေ မီးရှို့နေ့စဥ်။ ဓာတ်ပုံ - မင်းမြတ်ဘုန်း

အောက်တိုဘာ-၁၃၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေးက ကျေးရွာတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ညောင်လေးပင်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ နောက် ဆုံးပတ်ကစလို့ တိုက်ပွဲ ဖြစ်နေတာပါ။ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများတာကြောင့် တပ်ကူတွေ ဖြည့်ပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“ ပုစွန်မြောင်းနဲ့ ဆွဲဒလွဲမှာ စကစဘက်က ရင်းမှူးရော တပ်သားအချို့တော်တော်သေတယ်။အဲဒါကြောင့် နောက်တပ်ရင်းတစ်ခုစာနီးပါးရောက် လာပြီး မြစ်ကမ်းနဖူးဘေးက ရွာတွေကို စစ်ကြောင်းဝင်ပြီး မီးရှို့နေတာ” လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ ရက်မှာ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ပုစွန်မြောင်းရွာတိုက်ပွဲအတွင်းမှာ ​ခမရ (၂၀)တပ်ရင်းမှူး မျိုးသန့်စင် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

သေဆုံးခဲ့တဲ့တပ်ရင်းမှူးဟာစစ်တက္ကသိုလ်အပတ်စဥ်(၄၆)ဆင်း ဒုဗိုလ်မှူးကြီး အဆင့်ဖြစ်ပြီး ဖြူးမြို့နယ်ကနေ ညောင်လေးပင် ခမရ (၂၀)တပ်ရင်းကို ပြောင်းရွှေ့လာတာ တစ်လပင်မပြည့်သေးဘူးလို့ သိရပါတယ်။

“ အခု မီးရှို့နေတာ ကွင်းဒလကြီး ရွာကို ရှို့တာ။အိမ်ခြေတော်တော်များတယ်ပါတယ်။ဘုန်ကြီး ကျောင်းတွေကိုလည်း လေယာဥ်နဲ့ ဗုံးကြဲတာတွေပါ ရှိနေတယ်” လို့ ညောင်လေးပင်အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းအခြေအနေနဲ့ ညောင်လေးပင်မြို့နယ်ရဲ့ စစ်ရေးသတင်းကို ထုတ်ပြန်မရသေးဘူးလို့လည်း ဒေသတွင်းတပ်ရင်းအချို့ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ ညောင်လေးပင်မြို့နယ်ထဲမှာ ခမရ (၂၀)၊ ခမရ (၅၈၄)၊ ခလရ(၅၁)၊ ခမရ (၃၄၉)၊ခလရ (၃၅၀)၊ခလရ(၄၄၀)နဲ့ ခမရ(၈)တပ်ရင်းတွေက ဒေသခံတွေကိုအစုလိုက်၊အပြုံလိုက် သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်လို့ အခုနှစ် ဧပြီလက ဖမ်းဆီးခံပျူခေါင်းဆောင်း လှိုင်မင်းက ထွက်ဆိုထားပါတယ်။

ဆက်စပ်သတင်းများ