Connect with us

Hi, what are you looking for?

သတင်း

ဘိန်းဖြူမှောင်ခိုမှု စွပ်စွဲချက်နဲ့မြန်မာနိုင်ငံသားနှစ်ဦး အိန္ဒိယမှာ အဖမ်းခံရ

ဘိန်းဖြူမှောင်ခို တင်သွင်းတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ကိုးကား-Times of India အိန္ဒိယနိုင်ငံမှာ မူးယစ်​​ဆေးဝါး ​မှောင်ခိုတင်သွင်းတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့မြန်မာ နှစ်ဦး။ ဓါတ်ပုံ-File

အောက်တိုဘာ-၁၃၊၂၀၂၅။People’s Spring

ဘိန်းဖြူမှောင်ခို တင်သွင်းတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက မြန်မာနဲ့ နယ်စပ်နားကချမ်ဖိုင်မြို့နားမှာ မြန်မာနှစ်ဦးကို ဖမ်းမိခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဖမ်းမိသူတွေဟာ စစ်ကိုင်းတိုင်း ဒေသခံ အသက် ၄၂ နှစ်အရွယ်လာဗူမာဝေနဲ့ ချင်းပြည်နယ်ဒေသခံအသက်၃၄ နှစ်အရွယ် လာရူရာဆူမာတို့ ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပေမယ့် ချမ်ဖိုင်မှာအခြေချနေထိုင်ပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေတာလို့ ရဲတွေက စွပ်စွဲခဲ့ပါတယ်။ သူတို့နဲ့အတူ ဟီးရိုးအင်း ဘိန်းဖြူ ၁ ဒသမ ၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ တန်ဖိုးအားဖြင့် ရူပီးငွေ ၅ သန်းနီးပါးလောက်ထိ များပြားတယ်လို့လည်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိထားသူ နှစ်ယောက်ကိုတော့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ လူဝင်မှုနဲ့ နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေတွေနဲ့ အမှုဖွင့်ထားပါတယ်။

မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၄ လစီမံကိန်းဖြစ်တဲ့ ဂျယ်ရီကို အမည်ရစစ်ဆင်ရေးကို အကောင်အထည် ဖော်နေချိန်မှာပဲ အခုလို မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာပါ။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ မူးယစ်မှောင်ခို ကုန်သွယ်မှုတွေကို တားဆီးဖို့ဖြစ်ပြီး အထူးသဖြင့် ချမ်ဖိုင်ရဲ့အမှတ် ၂၂ နယ်စပ်ဂိတ်တဝိုက်က လှုပ်ရှားမှုတွေကို ဦးစားပေး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဂျယ်ရီကိုစစ်ဆင်ရေးကိုပြည်နယ်အစိုးရရဲ့ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ နယ်စပ်လုံခြုံရေးနဲ့ တခြားဌာနတွေလည်းပူးပေါင်းပါဝင်ပါတယ်။ စစ်ဆင်ရေး ကာလဟ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ကြာမြင့်မယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ