Connect with us

Hi, what are you looking for?

သတင်း

အော်ပရေးရှင်းစစ်တောင်းကမ်ပိန်းကရတဲ့ငွေနဲ့ လက်နက် ၁၁လက်ဝယ်ယူထားဟု နေပြည်တော် တပ်ရင်း (၈၀၈)ပြော

နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော်တပ်ရင်း(၈၀၈)ကို လူအင်အားနဲ့ လက်နက်အင်အားမျှတရန် ရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အော်ပရေးရှင်း စစ်တောင်း ကမ်ပိန်းက ရရှိတဲ့ငွေတွေနဲ့ လက်နက် ၁၁လက် ဝယ်ယူထားပြီးဖြစ်တယ်လို့ တပ်ရင်း(၈၀၈) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အော်ပရေးရှင်းစစ်တောင်းကမ်ပိန်းကရတဲ့အလှူငွေနဲ့ ဝယ်ယူထားတဲ့ လက်နက်များ။ ဓာတ်ပုံ - အော်ပရေးရှင်း စစ်တောင်း

အောက်တိုဘာ-၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော်တပ်ရင်း(၈၀၈)ကို လူအင်အားနဲ့ လက်နက်အင်အားမျှတရန် ရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အော်ပရေးရှင်း စစ်တောင်း ကမ်ပိန်းက ရရှိတဲ့ငွေတွေနဲ့ လက်နက် ၁၁လက် ဝယ်ယူထားပြီးဖြစ်တယ်လို့ တပ်ရင်း(၈၀၈) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အော်ပရေးရှင်း စစ်တောင်း ကမ်ပိန်းဟာ တပ်ရင်း(၈၀၈) ရဲဘော်တွေကို လက်နက် အလက် ၂၀ တပ်ဆင်ပေးဖို့ရည်ရွယ်တာဖြစ်ပြီး ကျပ်သိန်း ၂၀၀၀ရရှိဖို့ သတ်မှတ်ထားတာပါ။ ကမ်ပိန်းကို စက်တင်ဘာ ၁၆ရက်ကစတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၀ရက်အထိ ပြုလုပ်မှာ ဖြစ်ကာ လက်ရှိမှာတော့ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ၆၅ ရာခိုင်နှုန်း ရရှိထားပြီလို့အသိပေးထားပါတယ်။

“ အားလုံးပေါင်း ၁၁လက် ဝယ်ယူထားပြီးပါပြီ။ ပြည်သူကို ပြောချင်တာက တကယ်လိုနေလို့ ဒီကမ်ပိန်းကို လုပ်နေတာဖြစ်ပါတယ်။ အခု ကမ်ပိန်းက ရတဲ့ ငွေအားလုံးကို ဂန်း(လက်နက်)ဖြည့်သွားမှာဖြစ်ပါတယ်။ ကမ်ပိန်း မပြီးသေးဘူး ဝယ်ဖြည့်နေတာက သက်သေတွေပါပဲ”လို့ နေပြည်တော် PDF တပ်ရင်း(၈၀၈) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝယ်ယူထားတဲ့ လက်နက်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း အော်ပရေးရှင်းစစ်တောင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

“ မိဘ ပြည်သူများရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ထောက်ပံ့ပေးထားတဲ့ ငွေတွေကို တန်ဖိုးထားပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်”လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပြီး ကမ်ပိန်း ၁၀၀ ရာခိုင်နှုန်းအမြန်ဆုံး ပြည့်မီရေး ပါဝင်ပေးဖို့တိုက်တွန်းထားပါတယ်။

နေပြည်တော် PDF တပ်ရင်း(၈၀၈)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်း စစ်ဌာနရဲ့ ဗျူဟာ အမှတ်(၁၉) ကွပ်ကဲမှု အောက်ကတပ်ရင်းဖြစ်ပြီး ဗျူဟာရဲ့ ခွင့်ပြုချက်နဲ့ ရသမျှ စစ်ရေးကိုဖော်ဆောင်သွားမှာလို့ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ