Connect with us

Hi, what are you looking for?

သတင်း

မုတ်သုံလေ မြန်မာမှ ဆုတ်ခွာတော့မည်

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတဝှမ်းလုံးမှ ဆုတ်ခွာတော့မှာဖြစ်ပြီး မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်သေးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ-၁၃၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတဝှမ်းလုံးမှ ဆုတ်ခွာတော့မှာဖြစ်ပြီး မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်သေးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၃ရက်နဲ့ အောက်တိုဘာ ၁၉ရက်ကြားမှာ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားနိုင်မယ်လို့ MOHADMက ခန့်မှန်းထားပါတယ်။ အဲဒီကာလအတွင်းမှာ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအများအပြားမိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီးမိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကိုဝင်ရောက်လာခြင်းနဲ့အတူ မိုးရွာသီကာလက မေလမှာစတင်ခဲ့တာပါ။ မေလကနေ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းအထိ တောင်တရုတ်ပင်လယ်က မုန်တိုင်းတွေနဲ့ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်‌ဝန်းအရှိန်တွေကြောင့် မြန်မာနိုင်ငံမှာ မိုးကြီးပြီး ရေဘေးမကြာခဏကြုံခဲ့ပါတယ်။ ဒီတစ်ပတ်မှာ‌တော့ မိုးကြီးနိုင်မယ့်သတိပေးချက်ကို MOHADMက ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

အနောက်တောင်မုတ်သုံလေဆုတ်ခွာချိန်မှာ လေထုမငြိမ်မသက်ဖြစ်ပြီး မိုးကြိုးပစ်တာတွေ၊ လေပြင်းကျတာတွေ ဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်လေ့ရှိလို့ သတိပြုဖို့လိုအပ်ပါတယ်။

ဒီရက်ပိုင်းမှာ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းအပါအဝင် မြစ်ဝကျွန်း ပေါ်ဒေသတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးခြိမ်းတာတွေ၊ လျှပ်စီးလက်တာတွေ၊ နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။။

ဆက်စပ်သတင်းများ