Connect with us

Hi, what are you looking for?

သတင်း

လင်းဖုံကြီးရွာတိုက်ပွဲစစ်တပ်က ၁၀ဦး​ကျော်​သေသေနတ်၄လက်နဲ့ခဲယမ်း​တွေ ကရင်နီတပ်​ပေါင်းစုသိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊လင်းဖုံကြီးရွာ အနီးတိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်သေပြီး ​သေနတ် ၄ လက်နဲ့ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/ ကရင်နီတပ်​ပေါင်းစု တိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရစစ်သားအချို့ နဲ့ စစ်ကားအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KNDF

■စစ်တပ်က ကရင်နီပြည်နဲ့ ရှမ်း​တောင်ပိုင်းကို စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်

အောက်တိုဘာ ၁၃၊ ၂၀၂၅။ဇော်ဝင်း၊​ရောင်နီ/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊လင်းဖုံကြီးရွာ အနီးတိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်သေပြီး ​သေနတ် ၄ လက်နဲ့ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်အတွင်းနဲ့ ပြည်နယ်တစ်လျှောက် တစ်ပတ်တာစစ်ရေးအခြေအနေ အရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတာလို့ ​​အောက်တိုဘာ ၁၃ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ၆ရက်ကလွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကလွိုင်လင်လေးမြို့ ကျေးရွာများဘက်ကို စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်တွေ ပူးပေါင်းစ​စ် ကြောင်းထိုးလာတာကြောင့် သုံးနာရီကြာ ထိတွေ့ခဲ့ပြီး စစ်အုပ်စုအထိနာခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီ့နောက်အောက်တိုဘာ ၇ ရက် လွိုင်လင်လေးမြို့၊လင်းဖုံကြီးရွာအနီးကို စစ်ကြောင်း နှစ်ခု နဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေး အင်အားစုတွေ ခုခံပြီးနောက်အထိနာစွာဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

အလားတူအောက်တိုဘာ ၉ ရက်မှာ လင်းဖုံကြီးရွာ ဘက်ကနေ စစ်ကောင်စီတပ်က အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထပ်ထိုးလာလို့ ကရင်နီတပ်ပေါင်းစု ဘက်က နှစ်ရက်ကြာခုခံပြီးတဲ့နောက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်သူများခဲ့တယ်လို့ သိရပါတယ်။

စစ်သားတွေဆီကနေ လက်နက် လေးလက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းရခဲ့ပြီး လွိုင်ကော် မြို့နယ်အပြင်ဘက်က လယ်ထွဲ၊ပဒါးညေး ရွာတွေဘက်ကိုလူအင်အားဖြည့်စစ်ရေးလှုပ်ရှားနေတယ်လို့ KNDF က ပြောပါတယ်။

ဒီး​မော့ဆို မြို့နယ်ဒေါငံခါးရပ်ကွက်နဲ့တနန်းဥကွိုင် ကျေးရာတွေကတဆင့် ခေါက်ပလော့ကျေးရွာဘက်ကို စစ်ကောင်စီက အပြင်းအထန် ထိုးဖောက် ပြီး တပ်စွဲနိုင်ဖို့လုပ်နေတာကြောင့် မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီမောဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်တွေက တပ်စွဲထားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့‌ တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘော်လခဲကို စစ်ကြောင်းထိုးဖို့ အတွက် ဖရူဆို နဲ့ ဘော်လခဲ ကြားမှာရှိတဲ့ မာခရောရှေ့ ကျေးရွားနားမှာလည်း စစ်‌တပ်ရဲ့ လှုပ်ရှားမှုတွေရှိတယ်လို့ KNDFကအသိပေးပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၆ ရက်က ဘောလခဲ မြို့နယ်၊ဝမ်းမလန်းကျေးရွာအပေါ်ဘက်တောင် ကုန်း ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တစ်နာရီ အကြာ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာမှာတပ်စွဲ ထားတဲ့ စစ်ကောင်စီ နဲ့ PNO ပူးပေါင်းတပ်တွေက မြောက်စလုံးရွာကလူနေအိမ်တွေကိုမီးရှို့တာ ဖျက်ဆီးတာတွေလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“ မြောက်စလုံးပြီးတော့ ဘောရန်ရွာကိုပါ စစ်ကောင်စီ နဲ့ PNO တွေ ဒီနေ့ မီးထပ်ရှို့နေတယ်။အကုန်လုံး ပြေးနေရတာ။မြောက်စလုံးရော ဘောရန်ပါဆိုလူဦးရေ၄,၀၀၀ လောက်ရှောင်နေရတယ်။

အကူအညီတွေလည်းလိုတယ်” လို့ ဖယ်ခုံ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရေးအရ ကရင်နီ-ရှမ်းတောင်နယ်စပ် တ လျှောက် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားတဲ့အတွက် တိုက်ပွဲ ဖြစ်တဲ့ဒေသ နဲ့ ဆက်စပ်နေရာတွေက ပြည်သူတွေ အနေနဲ့ လုံခြုံ ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ