Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ဒိုက်ဦးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား ၁၆ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

အောက်တိုဘာ – ၁၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း၊ဒိုက်ဦးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား ၁၆ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်း လူစုလူဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၂ ရက်က စတင်ပြီး ခြေကျင်းဒေါက်ခတ်ကာ တိုက်ပိတ်ထားတာလို့သိရပါတယ်။

ငါးယောက်တစ်ဖွဲ့နှုန်းနဲ့ လူစုခွဲပြီး ပြစ်ဒဏ်တိုက်ခန်းတွေမှာ တိုက်ပိတ်ထားတာပါ။

Public Service Announcement

Public Service Announcement

နောက်ဆုံးရရှိထားတဲ့သတင်းအရ မနေ့ အောက်တိုဘာ ၁၃ ရက်အထိ တိုက်ပိတ်ထားဆဲလို့သိရပါတယ်။တိုက်ပိတ်တယ်ဆိုတာကတော့ အလင်းရောင် နဲ့ လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းထဲမှာ အပြင်ပေးမထုတ်ဘဲ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

“ လက်ရှိ တမံတလင်းပေါ်မှာ ဘာအခင်းမှမပါဘဲနဲ့ နေထိုင်နေကြရတယ် ၊ ပါဆယ်တွေလည်းပိတ်ခံထားရတယ်၊ခန္ဓာကိုယ်အောက်ပိုင်းတွေချိနဲ့တာ ၊လေဖြတ်နိုင်တဲ့အခြေနေတွေထိပါဖြစ်နေတယ်ဗျ“လို့ PPNM ရဲ့ ဦးဆောင်ကော်မဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရာဇဝတ်အကျဉ်းသားတွေက ဝိုင်းဝန်းထိုးကြိတ်တာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အကျဉ်းထောင်အဆောင်မှုးကို တင်ပြရာမှာ ထောင်တွင်းလူစုလူဝေး လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို တိုက်ပိတ်ခဲ့တာလို့ PPNM ထံကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတတိယပတ်အတွင်းကလည်း ဒိုက်ဦးထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသူရှစ်ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ တိုက်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။