Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး နှစ်အနည်းအတွင်း အပြီးသတ်နိုင်ဖို့ အိန္ဒိယ မျှော်လင့်နေ

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ် အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်ဖို့ အိန္ဒိယက မျှော်လင့်နေပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ် အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်ဖို့ အိန္ဒိယက မျှော်လင့်နေပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (DoNER)က IMT အဝေးပြေးလမ်းမလို့ အတိုကောက် ခေါ်ဝေါ်တဲ့ လမ်းကြောင်းကြီး ပြီးစီးရေးကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရပေမယ့် လာမယ့် ၂ နှစ် ၃ နှစ်အတွင်းလောက်မှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

IMT အဝေးပြေးလမ်းဟာ အိန္ဒိယ အစိုးရရဲ့ ရည်မှန်းချက် အကြီးဆုံး အခြေခံ အဆောက်အအုံ ပရောဂျက်တစ်ခု ဖြစ်ပေမယ့် မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် လက်တွေ့ အကောင်အထည် ဖော်မှုမှာ နှောင့်နှေးမှုတွေ ကြုံနေခဲ့ရတာပါ။

DoNERရဲ့ ဝန်ကြီး ချန်ချဲလ်ကူးမားက နောက်ထပ် ၂ နှစ်နဲ့ ၃ နှစ်ကြားလောက် အချိန်ယူပြီးရင်တော့ IMT အဝေးပြေးလမ်းမ ဖောက်လုပ်မှု အဆင့်အားလုံး ပြီးစီးမယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

IMT အဝေးပြေးလမ်းကို ချစ်ကြည်ရေး လမ်းမလို့လည်း ခေါ်ဝေါ်လေ့ရှိပြီး လေးလမ်းသွားအဖြစ် ဖောက်လုပ်မှာပါ။ လမ်းရဲ့ အရှည်ဟာ ၁၃၆၀ ကီလိုမီတာရှိပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရဲ့ မိုရားမြို့ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံရဲ့ မဲဆောက်မြို့ထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အရှေ့ဖက် အိမ်နီးချင်း နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေး မဟာဗျူဟာမှာ အဲဒီ အဝေးပြေးလမ်း ဖောက်လုပ်မှု ပရောဂျက်ဟာ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုပါ။ လမ်းတည်ဆောက်ရေး ပရောဂျက်ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ခဲ့ပြီး အပိုင်းလောက် ပြီးစီးမှုတွေ ရှိနေပေမယ့် မြန်မာ့ နိုင်ငံရေး အကျပ်အတည်း ကြုံလာမှုကြောင့် စီမံကိန်းတွေ နှောင့်နှေးကုန်တာ ဖြစ်ပါတယ်။

အိန္ဒိယကတော့ IMT တည်ဆောက်ရေးကို အပြီးသတ်အဆင့် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားဆဲဖြစ်ပြီး မဲဆောက်ကနေတဆင့် ဗီယက်နမ်ထိ ဆက်ပြီး လမ်းသစ်ဖောက်ဖို့ထိ ရည်ရွယ်ထားပါတယ်။ အိန္ဒိယဟာ အရှေ့တောင်အာရှရဲ့ တောင်ပိုင်းဇုန်တွေထိ ရှည်ရှည်လျားလျား လမ်းသစ်ချဲ့ထွင်နိုင်ဖို့ မျှော်လင့်ထားကြောင်း၊ ဒါပေမဲ့ လောလောဆယ်မှာတော့ ရှိရင်းစွဲ ပရောဂျက် အပြီးသတ်နိုင်ရေးကို ဦးစားပေးရမှာဖြစ်ကြောင်း ကူးမားက ပြောကြားသွားပါတယ်။

လာမယ့် ၃ နှစ်လောက်အတွင်း IMT အဝေးပြေးလမ်းကို အပြီးသတ်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ကူးမားက ဒါဟာ နိုင်ငံရပ်ခြား အစိုးရတွေလည်း ဆက်နွှယ်ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ပရောဂျက် တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယကတော့ ဖြစ်နိုင်ခြေ အားလုံးကို အကောင်းမြင်ထားပေမယ့်လည်း ဘယ်လို အပြောင်းအလဲတွေမဆို ကြုံလာနိုင်တယ်ဆိုတဲ့ အရှိတရားကိုလည်း လက်ခံထားဖို့လိုကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။