အောက်တိုဘာ-၁၆၊၂၀၂၅။ဆဏ်း/People’s Spring
နာမည်ကြီး ရော့ခ်အဆိုတော်တွေရဲ့ အောင်မြင်တဲ့ တေးသီချင်းတွေကို ရေးသားခဲ့သူ ပန်းချီပညာရှင်၊ တေးရေးဆရာ သော်ဒီဝေက ဒီနေ့(အောက်တိုဘာ ၁၆) ညနေမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
သော်ဒီဝေက နှလုံးရောဂါကုသဖို့ မနေ့က (အောက်တိုဘာ ၁၅) ပြင်ဦးလွင်ဆေးရုံတက်ခဲ့တာဖြစ်ပြီး ဒီနေ့ညနေ မှာကွယ်လွန်သွားတာလို့ သူနဲ့ ရင်းနှီးသူတစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
တေးရေးသော်ဒီဝေကကွယ်လွန်ချိန်မှာတော့ အသက်(၇၁)နှစ်ရှိပြီဖြစ်ပြီး ဝေချစ်ကို ဆိုတဲ့ နာမည်နဲ့ သူဝါသနာပါတဲ့ ပန်းချီတွေရေးရင်း ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာမှာ နေထိုင်တာပါ။

Public Service Announcement
ဟယ်ရီလင်း ၊ ဖိုးကျော် ၊လေးဖြူ ၊အငဲ ၊ ရင်ဂို ၊ စည်သူလွင် ၊ သျှီ စတဲ့ အဆိုတော်တွေအတွက် ရေးစပ်ပေးခဲ့တဲ့ သီချင်းတွေအပါအဝင် တေးသီချင်းပေါင်း ၂၀၀ခန့်ရေးသားခဲ့တယ်လို့ သိရပါတယ်။
“နှုတ်ဆက်ပါတယ် ဒီဒီ …၊ ဒီဒီ ငြိမ်းအေးလွတ်မြောက်ပါစေလို့ သမီးအဝေးကနေပဲနှုတ်ဆက်လိုက်ရပါတယ်။ ဒီဒီ ဆိုစေချင်ခဲ့တဲ့သီချင်းတွေနဲ့ မာကျူရီအလင်းတန်း အခွေလေး ဆိုဖြစ်ရင်းကကိုယ့်ဦးလေးတယောက်လို ချစ်ခင်ခဲ့ရပေမယ့် ဆုံတွေ့ချိန်တွေတော့ နည်းခဲ့ပါရဲ့ …” လို့ အဆိုတော် သျှီက လူမှုကွန်ရက်ကနေ သူတို့နှစ်ဦးရဲ့ အမှတ်တရ ဓာတ်ပုံ တွေနဲ့ အတူ နှုတ်ဆက်စကားဆိုထားပါတယ်။


















































