Connect with us

Hi, what are you looking for?

သတင်း

KIAဌာနချုပ်လိုင်ဇာကို စစ်ကောင်စီ အသေခံဒရုန်းနဲ့တိုက်ခိုက်၊ လူထိခိုက်မှုရှိ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာကို အာဏာသိမ်းစစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လူထိုခိုက်မှုရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အောက်တိုဘာ-၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာကို အာဏာသိမ်းစစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လူထိုခိုက်မှုရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၁၆ရက် ညသန်းခေါင် ၁၁နာရီကျော်အချိန်မှာ လိုင်ဇာမြို့ မုန်လိုင်ကွင်းအနီး စျေးနားကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခဲ့လို့ ၂ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရင်းမြစ်က ပြောပြပြီး အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီရဲ့ ဗျူဟာက အခုနောက်ပိုင်း မြေပြင်မှာ ထိခိုက်သေဆုံးတာ များနေတော့ TNLAနဲ့ KIAကို စစ်ရေးအရ ဖိအား ပေးချင်တော့ ဘာမှ မဆိုင်တဲ့ ပြည်သူတွေရှိတဲ့နေရာကို အသေခံဒရုန်း၊ လေယာဉ်တွေနဲ့ ပိုမိုတိုက်ခိုက်လာနေတယ်”လို့ သတင်းရင်းမြစ်က စစ်ကောင်စီရဲ့ တိုက်ပွဲမရှိတဲ့နေရာတွေကို တိုက်ခိုက်နေမှု အပေါ် သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အရင်ကလည်း တိုက်ပွဲတွေမှာ အထိနာရင် လိုင်ဇာကို လက်နက်ကြီးပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လေယာဉ် ဗုံးကြဲတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ လိုင်ဇာအနီး ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ အတွင်းမှာ KIAက သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှုထက် ဒရုန်းတိုက်ခိုက်မှု ပြုလုပ်လာတာတွေ့ရပါတယ်။

လတ်တလောမှာ KIAနဲ့ စစ်ကောင်စီတို့ဟာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ မချမ်းဘောမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။

ဝိုင်းမော်နဲ့ ဗန်းမော်မှာ စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို အောက်တိုဘာပထမပတ်အတွင်းမှာ KIAက သိမ်းပိုက်နိုင်ခဲ့သလို မချမ်းဘောတိုက်ပွဲမှာလည်း စစ်ကောင်စီတပ် အထိနာခဲ့ပါတယ်။

ဆက်စပ်သတင်းများ