Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ပေါ် ပစ်ခတ်မှုဖြစ်နေ

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ကျောက်မဲမြို့ပေါ်မှာ ဒီကနေ့ (အောက်တိုဘာ၁၇ရက်) ညနေ၂နာရီလောက်မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံတချို့က ပြောပါတယ်။

ကျောက်မဲမြို့တွင်း နေရာယူထားသည့် TNLA တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ-AFP

အောက်တိုဘာ-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ကျောက်မဲမြို့ပေါ်မှာ ဒီကနေ့ (အောက်တို ဘာ၁၇ရက်) ညနေ၂နာရီလောက်မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံတချို့က ပြောပါတယ်။

ညနေ ၂နာရီကျော်မှာ သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်းကို မြို့ပေါ်က ကြားလိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

” မြို့ထဲမှာတင် ပစ်တာ။ ဆက်တိုက်ကြီးကြားရတာ။ ကလေးတွေက ကျောင်းတက်နေကြတာဆိုတော့ ပြေးခေါ်ရဖို့ပဲ။ အပြင်ထွက်ဖို့လည်း မရဲဘူး။ မြို့ပေါ်နေရာတွေမှာ စကစတွေရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ်သေနတ်ပစ်ခတ်သံမကြားရတော့ဘဲ ဒေသခံကျောင်းသားမိဘအချ်ို့ဟာ သူတို့ရဲ့ကလေးတွေကို သွားရောက်ခေါ်ဆောင်နေကြတယ်လို့ သိရပါတယ်။

တအာင်းအမျိုးသားလက်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးစားနေပါတယ်။ ကျောက်မဲမြို့ပေါ်ကို ပြန်ဝင်ပြီးနောက်တစ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါခေါ်လာပြီး ရုံးတွေနဲ့ စာသင်ကျောင်းတွေလည်းပြန်ဖွင့်နေပါတယ်။

လွယ်ခေါ်ရွာအပါအဝင် ကျောက်မဲမြို့နယ်ထဲက နေရာတချို့မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ကိုသိမ်းယူပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကိုဗုံးကြဲပြီး သီပေါမြို့ကိုလည်း အောက်တိုဘာ ၁၆ရက်မှာ ထပ်မံသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ ကျောက်မဲမြို့နဲ့သီပေါမြို့က စစ်ဘေးရှောင်‌တွေ နေရပ်ကိုပြန်လာဖို့ကြိုးစားနေကြသလို အခြေအနေတွေကိုစောင့်ကြည့်နေသူတွေလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ