Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယုံအကြည်မရှိဘူးလို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ပြော

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလဒ်က ယုံကြည်ချင်စရာမရှိနိုင်ဘူးလို့ဥရောပသမဂ္ဂ(EU)ရဲ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စား လှယ်က ပြောလိုက်ပါတယ်။

ကိုးကား ၊ ဓာတ်ပုံ - Reuters

အောက်တိုဘာ – ၁၇ ၊၂၀၂၅

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလဒ်က ယုံကြည်ချင်စရာမရှိနိုင်ဘူးလို့ဥရောပသမဂ္ဂ(EU)ရဲ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စား လှယ်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကယုံကြည်ချင်စရာအကြောင်းမရှိလို့ EUကလည်း လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်လိမ့်မှာ မဟုတ်ကြောင်း ကက်ဂျ်ဆာအိုလွန်ဂရန်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းမှာစပြီး အပိုင်းလိုက် ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ ဖြောင့်မှန်မှု မရှိနိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

အနောက်နိုင်ငံ အများအပြားကလည်း အဲဒီရွေးကောက်ပွဲရဲ့ စစ်မှန်မှုအပေါ် မယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ရွေးကောက်ပွဲ တစ်ခုမှာ အခြေခံ အကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့ လွတ်လပ်မှု၊ မျှတမှုတွေက မြန်မာ့ရွေးကောက်ပွဲ စံနှုန်းတွေနဲ့ ဘယ်လိုမှ ကိုက်ညီမနေဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီတော့ ရလဒ်က ဘယ်လိုထွက်ထွက် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကနေ မြင်သာတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

အဲဒီရွေးကောက်ပွဲမျိုးကိုတော့ စစ်အာဏာပိုင်တွေ စပွန်ဆာပေးထားတာမျိုးသာ ဖြစ်တယ်လို့ သတ်မှတ်ကြောင်း၊ အဲဒီ ရွေးကောက်ပွဲမျိုးကနေ ထွက်လာတဲ့ ရလဒ်ကလည်း တစ်ခုပဲရှိကြောင်း အိုလွန်ဂရန်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မီဒီယာတချို့နဲ့ တွေ့ဆုံချိန်မှာ ပြောသွားခဲ့ပါတယ်။

စစ်ကောင်စီကရွေးကောက်ပွဲကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ လာရောက်လိမ့်မယ်လို့ ကြေညာခဲ့ပေမယ့် အာဆီယံ ဥက္ကဋ္ဌ မလေးရှားကတော့ အဲဒီကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ မညှိရသေးသလို လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ လွှတ်ပေးဖို့ ဆိုတာကလည်း ဖြစ်မလာနိုင်လောက်ဘူးလို့ တုံ့ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီဟာနိုင်ငံအနှံ့ကလက်နက် ကိုင်ခုခံစစ်ပွဲတွေကြောင့်ရုန်းကန်နေရပြီး ရွေးကောက်ပွဲကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနိုင်မှာ မဟုတ်ကြောင်း ဝန်ခံထားရပါတယ်။

ဆက်စပ်သတင်းများ