အောက်တိုဘာ၁၇၊၂၀၂၅၊ မေ/ People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၅ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၁၀နာရီဝန်းကျင်က သစ်ချိုရွာစာသင်ကျောင်း အနီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲကာ လေကြောင်းတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ တိုက်ပွဲလည်းမရှိဘူး။အလွတ်ကြီးလာကြဲသွားတာ။သေဆုံးထိခိုက်တွေရှိတယ်။လုံခြုံရေး အခြေ အနေအရ အသေးစိတ်တော့ ထုတ်ပြန်လို့ မရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
လက်တလော သိရတဲ့ သတင်းအရ သစ်ချိုရွာခံ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တွေလည်း ရွာထဲကနေ ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားကာလေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မန္တလေးတိုင်းအတွင်းမှာ နွားထိုးကြီး၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ နေ့စဉ် လေကြောင်းတိုက်ခိုက်နေပါတယ်။
ပြီးခဲတဲ့ သီတင်းကျွတ်လပြည့်ညကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆီမီးထွန်းနေတဲ့ပြည်သူတွေကို စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။
















































