Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာဒီးယားနဲ့ နယ်စပ်မှာ တည်ဆောက်မယ့် လုံခြုံရေး စည်းရိုး ဒီဇိုင်းကို ထိုင်းစစ်တပ် ထုတ်ပြ

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ တည်ဆောက်သွားမယ့် လုံခြုံရေး စည်းရိုးရဲ့ ဒီဇိုင်းကို ထိုင်းစစ်တပ်က ထုတ်ပြန် ပြသခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ တည်ဆောက်သွားမယ့် လုံခြုံရေး စည်းရိုးရဲ့ ဒီဇိုင်းကို ထိုင်းစစ်တပ်က ထုတ်ပြန် ပြသခဲ့ပါတယ်။

အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဇူလိုင်လကုန်ပိုင်းက လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိုင်းက နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်မယ့် စီမံကိန်းကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖာနာ ကလော်ပလော့ဒက်က တော်ဝင် မိသားစုဝင် မင်းသမီး ချူလက်ဘ်ဟွန် ခရွမ်ဖရာ ဆရီဆာဗန်ဂါဗက်ဒ်ဟာနာဆီကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်က တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စည်းရိုးဟာ ၃.၅ မီတာမြင့်ပြီး အောက်ပိုင်းကတော့ ကွန်ကရစ် တံတိုင်းဖြစ်မှာပါ။ အဲဒီအပေါ်ကနေ သံမဏိ စည်းရိုးကာပြီး အမြင့်ဆုံးမှာတော့ သံဆူးကြိုးခွေတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို ခံနိုင်ရည် ရှိအောင်လည်း စည်းရိုးကို သေချာ ဒီဇိုင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။ တွယ်တက်တာ၊ အောက်ခြေကနေ လှိုဏ်ခေါင်းတူးပြီး ဝင်တာတွေ လုပ်လို့ မရအောင်ပါ စီမံထားတယ်လို့လည်း သိရပါတယ်။

တံတိုင်းကို ဘယ်လောက်ရှည်အောင် တည်ဆောက်မှာလဲ၊ ပြီးတော့ ကုန်ကျစရိတ်က ဘယ်လောက်ရှိမလဲ ဆိုတာတွေကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ စည်းရိုးချည်း သက်သက်အတွက် တစ်ကီလိုမီတာကို ဘတ် ၇.၃၆ သန်း ကုန်ကျနိုင်ပြီး စည်းရိုးတလျှောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နိုင်မယ့် မြေသားလမ်းပါ ဖောက်မယ်ဆိုရင် တစ်ကီလိုမီတာအတွက် ဘတ် ၈.၆ သန်းလောက်ထိ ကျသင့်နိုင်တယ်လို့ တချို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်ဟာ ၇၉၈ ကီလိုမီတာ ရှည်ပါတယ်။

ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် မင်းသမီး ချူလက်ဘ်ဟွန် ကြီးမှူးနေတဲ့ Hataitip ရန်ပုံငွေက ကုန်ကျစရိတ် ကိစ္စတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

တံတိုင်းတည်ဆောက်မှု ပထမအဆင့်ဟာ နယ်ခြားမိုင်တိုင် အမှတ် ၅၂ နဲ့ ၅၉ ကြားက ၈.၄ ကီလိုမီတာ အရှည်မှာ အစပြုမယ်လို့လည်း သိရပါတယ်။ နယ်စပ်တံတိုင်း တည်ဆောက်ရေး ကိစ္စကို ထိုင်းစစ်တပ်က အဆိုပြုခဲ့တဲ့နောက် အမျိုးသား လုံခြုံရေး ကောင်စီက အောက်တိုဘာ ၂ ရက်နေ့မှာ ထောက်ခံ အတည်ပြုပေးခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ