အောက်တိုဘာ-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring
ရန်ကုန်မြို့မှာ ယနေ့ည ၁၁နာရီ ၁၀ မိနစ်ခန့်က မြေငလျင်လှုပ်သွားပြီး မြို့နယ်အများစုကပြည်သူတွေသိရှိခံစားလိုက်ရသလို ဒေသခံအချို့ စိုးရိမ် တဲ့အတွက်တိုက်အောက်ဆင်း လမ်းပေါ်ထွက်နေကြပါတယ်။
“ အရမ်းကြမ်းတယ်။ ခါယမ်းသွားတာ။ လူတွေအကုန် တိုက်အောက်ကိုဆင်းကုန်ပြီ” လို့ လှိုင်မြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
မြေငလျင်လှုပ်တာကို လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ရန်ကင်း၊ အင်းစိန် ၊တောင်ဥက္ကလာပ၊ကျောက်တံတား ၊မရမ်းကုန်း စတဲ့မြို့နယ်တွေအပါအဝင် ရန်ကုန်တစ်မြို့လုံး အတိုင်းအတာနဲ့ ခံစားလိုက်ရတယ်လို့ဒေသခံတွေက လူမှုကွန်ယက်မှာရေးသားနေကြပါတယ်။

Public Service Announcement
မြေငလျင်ဟာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်း၊မြေအောက်အနက် ၇ ကီလိုမီတာ( ၄ မိုင်ကျော်)ကိုဗဟိုပြုပြီးတော့ ရစ်ခ်တာစကေး ၃.၉ အဆင့်နဲ့လှုပ်ခတ်ခဲ့တာလို့ NUG ရဲ့ MOHADMကဖော်ပြာတယ် ။
မြေငလျင်အင်အား ၃ ဒသမ ၉ ဆိုတာ အင်အားအနည်းငယ်သာရှိတဲ့ မြေငလျင်ဖြစ်ပါတယ်။ဒါပေမယ့် မြေအောက်က ငလျင်ဗဟိုချက်ဟာ မြေပြင်နဲ့ ပိုနီးလေ ပို ပြင်းထန်လေ့ရှိပါတယ် ။ အောက်တိုဘာ ၁၇ ညလှုပ်တဲ့ငလျင်ဗဟိုချက်ဟာ မြေအနက် ၇ ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာဖြစ်လို့ ဇောက်တိမ်ငလျင်ဖြစ်ပါတယ်။ဇောက်တိမ်ငလျင်တွေက ပိုအားပြင်းတက်တယ်လို့ မြေငလျင်ပညာရှင်တွေကပြောထားပါတယ်
















































