Connect with us

Hi, what are you looking for?

သတင်း

၈)လွှာတိုက်ခန်းကပြုတ်ကျတဲ့ကလေးငယ်ကို အသက်ရှင်လျက် ကယ်တင်နိုင်

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ်က (၈)လွှာတိုက်ခန်းကနေ (၄)နှစ်အရွယ်ကလေးတစ်ဦး ပြုတ်ကျပေမယ့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများလူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

ပြုကျတဲ့ကလေးငယ်ကို ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - Arr Puu Tuu

အောက်တိုဘာ-၁၇၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ်က (၈)လွှာတိုက်ခန်းကနေ (၄)နှစ်အရွယ်ကလေးတစ်ဦး ပြုတ်ကျပေမယ့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများလူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

ပြုတ်ကျတဲ့ ကလေးက ဆော့နေရင်း ပြုတ်ကျခဲ့တာဖြစ်ပြီး တိုက်နှစ်တိုက်ကြား သုံးလွှာမှာ ညပ်နေခဲ့တာလို့ ဖော်ပြထားပါတယ်။

“ကျနော်တို့ ကိုပူတူးနှင့်ဘော်ဒါများအသင်းရှိ Power Unit Hydraulic Tools များ အသုံးပြု၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မိတ်ဖက်ပရဟိတအသင်းများ နှင့်အတူ ပူးပေါင်းပြီးအ

Public Service Announcement

Public Service Announcement

သက်(၄)နှစ်ကျော် သမီးလေးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါသည် “လို့ အဲဒီ့အဖွဲ့က အသိပေးထားပါတယ်။

အဆိုပါအသင်းကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတော့ ကလေးရဲ့ မျက်နှာမှာဒဏ်ရာအနည်းငယ်ရနေတာကိုပဲ တွေ့ရပါတယ်။

တိုက်ကြားထဲမှာညပ်နေတဲ့အချိန် ကလေးပြုတ်မကျအောင် လုံခြုံရေးဝန်ထမ်းနှစ်ဦးက ကလေးကို ဆွဲထားလို့ရမယ့်နေရာအထိ ဝင်ကူညီ‌ပေးခဲ့တာလို့ ဖြစ်စဉ်အနီးမှာနေတဲ့ အမျိုးသမီးက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ