Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်ဗျူဟာသိမ်းတိုက်ပွဲ ထွက်​ပြေးစစ်သားနဲ့ အလံဖြူ​ထောင်အလင်းဝင်သူ​တွေဆက်တိုက်ရှိ​နေတယ်လို့ AAထုတ်ပြန်

နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စခန်းသိမ်းတိုက်ပွဲမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီး အလံဖြူထောင်အလင်းဝင်ရောက် လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာသတင်း ထုတ်ပြန်ပါတယ်။

နတ်​ရေကန်ဗျူဟာကုန်းသိမ်းတိုက်ပွဲမှ ​အောက်တိုဘာ ၁၇ ရက်မှာအဖမ်းခံရတဲ့စစ်သားတွေ ။ဓါတ်ပုံ-AA Infodesk

■အဓမ္မစု​ဆောင်းခံရတဲ့စစ်သားသစ်​တွေ အနီးဆုံး​နေရာက​နေဆက်သွယ်အလင်းဝင်နိုင်ဟုအသိ​ပေး

​အောက်တိုဘာ-၁၇၊၂၀၂၅။မိထက်/People’s Spring

နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စခန်းသိမ်းတိုက်ပွဲမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီး အလံဖြူထောင်အလင်းဝင်ရောက် လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာသတင်း ထုတ်ပြန်ပါတယ်။

AA က နတ်​ရေ​ကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့လက်ကျန် ​နေရာအချို့ထိုးစစ်ဆင်​နေတာဖြစ်ပါတယ် ။စစ်တပ်ကဗျူဟာကုန်းမကျရှုံးဖို့လေကြောင်းပစ်ကူ ၊ စစ်ကူများအဆက်မပြတ်ပေးနေကြားက‌နေ အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA ကအောက်တိုဘာလ ၁၇ရက်ညမှာ ထပ်မံထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက် ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကမတရားသဖြင့်စစ်မှုထမ်းဖို့စုဆောင်းခြင်းခံရသူတွေအနေနနဲ့ အနီးဆုံးနေရာတွေကတဆင့် ဆက်သွယ်ပြီး အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းအနီးက အကြီးဆုံး စခန်းဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အောက်တိုဘာလ ၁၅ရက်နေ့မှာ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ