Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာကျဆုံးခဲ့သူတွေအတွက် စစ်ကိုင်းတိုင်းမှာ ဆုတောင်းပွဲသပိတ် ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ချောင်းဦးဆီးမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ GSCB ၊ အညာပစ်တိုင်းထောင်လေးများသပိတ်

အောက်တိုဘာ-၁၇၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ချောင်းဦးဆီးမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာပြည်သူတွေနဲ့အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီမှ ဆီမီးသပိတ်မှာ စစ်တပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်လို့ ကျဆုံးခဲ့ရသော သပိတ်ဦးဆောင်သူ၊ pdf ရဲဘော်၊ ပြည်သူတွေအတွက် ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း ဆုတောင်းသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ကျောင်းသား၊သူတွေနဲ့အတူ စကားဝိုင်းပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့​ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကိုပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သီတင်းကျွတ်လပြည့်ည(​အောက်တိုဘာ ၆)က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်နဲ့ ဗုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ၂၀ဦးကျော် သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ