Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်ပကဖအချုပ်ခန်းက ‌ထွက်ပြေးသူကသေနတ်နဲ့ပြန်လည်ပစ်ခတ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

မြင်းခြံခရိုင်ပကဖအချုပ်ခန်းကနေ ‌ထွက်ပြေးတဲ့ အချုပ်သားတွေကို လိုက်လံဖမ်းစီစဉ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့ သုံ့ပန်း ၁ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်း‌ဆီးရာမှာ သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာ-၁၈၊၂၀၂၅။မိထက်/People’s Spring

မြင်းခြံခရိုင်ပကဖအချုပ်ခန်းကနေ ‌ထွက်ပြေးတဲ့ အချုပ်သားတွေကို လိုက်လံဖမ်းစီစဉ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့ သုံ့ပန်း ၁ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်း‌ဆီးရာမှာ သေဆုံးသွားခဲ့ပါတယ်။

မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းက အချုပ်သား ၃၀ခန့်ဟာ အောက်တိုဘာ ၁၆ရက်မှာ သေနတ်တွေယူပြီး ထွက်ပြေးသွားတာပါ။

အဲဒီထွက်ပြေးအချုပ်သားတွေထဲက အမျိုးသား ၇ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၈ဦးကို AK ၁လက်၊ အတို ၁လက်၊ ကာဘိုင် ၁လက်၊ ဓါးအရှည် ၁ချောင်းစတဲ့ လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းမိထားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၁၇ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလွတ်မြောက်နေသူတွေကို လိုက်လံဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် အချုပ်သား၁ဦးက သေနတ်နဲ့ပြန်ပစ်လို့ ပစ်ခတ်ဖမ်းစီစဉ် သေဆုံးသွားတာလို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဒီနေ့အောက်တိုဘာ ၁၈ရက်မှာ အသိပေးထားပါတယ်။

အချုပ်သားတွေဟာ မြင်းခြံခရိုင်ထဲက တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့သူတွေ ဖြစ်ပါတယ်။

အချုပ်သား ၃၀ခန့်က လက်နက်တွေယူ ထွက်ပြေးသွားကြောင်းကို မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ‌ထုတ်ပြန်ခဲ့ပြီး အသေးစိတ် ထပ်မံမထုတ်ပြန်သေးပါဘူး။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပြီး အသေးစိတ်အခြေအနေကို မြင်းခြံခရိုင်ပကဖတာဝန်ရှိသူတွေ ထုတ်ပြန်အသိပေးလိမ့်မယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ