Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၆ဦးသေဆုံး

TNLAထိန်းချုပ်နယ်တွေမှာ လေကြောင်းကဗုံးကြဲလို့ ၁၇ရက်အတွင်း အရပ်သား၃၂ဦး သေဆုံး၊၄၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်းများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၉၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀)နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

ကွမ်ဟယ်ကျေးရွာကို အောက်တိုဘာ ၁၈ရက် ည ၈နာရီ၂၅မိနစ်မှာ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာကြဲတာလို့ တအာင်းတပ်မတော်(TNLA)က ဒီနေ့ အောက်တိုဘာ ၁၉ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အသက်(၁၀)နှစ်အရွယ် ကလေးငယ် လွေးနီလာအောင်၊ အသက် (၂၁)နှစ်အရွယ် လွေးရီရီလှိုင်၊ အသက် (၂၁)နှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက် (၃၅)နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် (၄၂)နှစ်အရွယ် ဦးသန်းကျော်နဲ့အသက် (၄၇)နှစ်အရွယ် ဒေါ်အေးဟိန်းတို့ ပွဲချင်းပြီးသေဆုံးပြီး အသက် (၄)နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် (၃၃)နှစ်အရွယ် ဒေါ်အီအေး၊ အသက် (၆၈)နှစ်အရွယ် ဦးကျော်နဲ့ အသက် (၇၇)နှစ်အရွယ် ဒေါ်စောရင်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေအိမ် (၂၅)လုံး၊ ဆိုင်ကယ် (၄)စီးလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ မနေ့ကညပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊နမ္မတူ၊ နောင်ချိုနဲ့ကျောက်မဲမြို့နယ်‌‌တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတာလို့ ရှမ်းပြည်နယ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းတချို့က သတင်းထုတ်ပြန်ထားပါတယ်။

TNLAဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။ အဲဒီမြို့နယ်တွေထဲက နောင်ချိုမြို့ကို ပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကောင်စီက ပြန်သိမ်းယူခဲ့ပြီး အောက်တိုဘာလ၁ရက်နေ့မှာ ကျောက်မဲမြို့နဲ့ အောက်တိုဘာ ၁၅ရက်မှာ သီပေါမြို့တို့ကို ထပ်မံသိမ်းယူထားပါတယ်။

ကျန်တဲ့ TNLA ထိန်းချုပ်မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ဖို့စစ်ကောင်စီကကြိုးပမ်းနေပြီး လေကြောင်းကနေ နေ့စဉ် ဗုံးဆက်တိုက်ကြဲနေပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ယခု အောက်တိုဘာ ၁ရက်ကနေ ၁၇ရက်အထိ စစ်ကောင်စီတပ်က မိုးကုတ်၊ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့ကို (၁)ကြိမ်စီ၊ မိုးမိတ်မြို့နဲ့ ကျောက်မဲမြို့ကို (၃)ကြိမ်၊ နမ္မတူမြို့နဲ့ သီပေါမြို့ကို (၅)ကြိမ်စီ၊မိုင်းလုံမြို့နဲ့နမ့်ဆန်မြို့ကို (၄)ကြိမ်စီ စုစုပေါင်း (၂၇)ကြိမ် လေကြောင်းကနေ ဗုံးတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် (၇)ဦး၊ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း ၃၂ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၅)ဦး စုစုပေါင်း၄၀ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင်နေအိမ်(၁၁၃)လုံး ၊စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီး ကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်၊ အဆောက်အဦး (၄)ခု ပျက်စီးသွားခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်မြို့တွေကို နေကြောင်းကနေဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေကလည်း မိုးကုတ်နဲ့ နမ္မတူကို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့ကို ဒီနေ့(အောက်တိုဘာ၁၄ရက်) မနက် ၇နာရီ၁၅မိနစ်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ (၈)တန်းကျောင်းသူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

လျှပ်စစ်ရုံးပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ပြီး ထရန်စဖော်မာနှင့် အနီးရှိ အဆောက်အဦးအချို့လည်းပျက်စီး