Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

လျှပ်စစ်ရုံးပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ပြီး ထရန်စဖော်မာနှင့် အနီးရှိ အဆောက်အဦးအချို့လည်းပျက်စီး

နန့်ဆန်မြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအားဦးတည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

TNLA ထိန်းချုပ်ထားသည့်နမ့်ဆန်မြို့ကိုစစ်ကောင်စီက ဩဂုတ် ၁၂ရက်ည သန်းခေါင်တွင် လေကြောင်းမှ ၃ကြိမ်၊ ဗုံး ၆လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက် ကွဲခဲ့ပြီး ထိုရုံးဝန်းရှိ အသက်(၃၀)အရွယ် ဒေသခံတစ်ဦး သေဆုံးသွားကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မဂိုဏ်းချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး(၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီသည် သြဂုတ် ၆ရက်ကလည်း တအာင်းတပ်မတော်(TNLA)အုပ်ချုပ်သည့် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ၆ဦး သေဆုံးကာ၊ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့ရွာများအား လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ဟန့်တားပေးရန် TNLA အပါအဝင် ညီနောင်မဟာမိတ် များက တရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံတကာထံ တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook