Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့လေကြောင်းတိုက်ခိုက်မှု၈တန်းကျောင်းသူသေဆုံး၊ ၄ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့ကို ဒီနေ့(အောက်တိုဘာ၁၄ရက်) မနက် ၇နာရီ၁၅မိနစ်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ (၈)တန်းကျောင်းသူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

နမ့်ဆန်မြို့နယ် အုန်းမစွမ်ကျေးရွာကို ဗုံးကြဲလို့ ပျက်စီးနေတဲ့ နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၄၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့ကို ဒီနေ့(အောက်တိုဘာ၁၄ရက်) မနက် ၇နာရီ၁၅မိနစ်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ (၈)တန်းကျောင်းသူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

နမ့်ဆန်မြို့နယ် အုန်းမစွမ်ကျေးရွာကို ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်သွားတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ပစ်ချင်တိုင်းကို ပစ်သွားတာ။ နေအိမ်တွေပေါ်ကို ပစ်တာလေ။ သေဆုံးသွားတာက ရှစ်တန်းကျောင်းသူလေး”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံးပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် (၈)တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့သလို အသက် ၈ နှစ်ကနေ ၁၄နှစ်ကြား ကလေးငယ်သုံးဦး၊ အသက်၃၀ကျော်အရွယ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့က အောက်တိုဘာ၁၃ရက် နေ့ခင်းပိုင်းကလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကိုစစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားလို့ အရပ် သားတစ်ဦးဒဏ်ရခဲ့ပါတယ်။

အောက်တိုဘာ ၄ရက်ကလည်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးသေဆုံးပြီး ကလေးခြောက် ဦးအပါအဝင်ကိုး ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီကကျောက်မဲမြို့ကိုအောက်တိုဘာ ၁ရက်က ပြန်လည်သိမ်းယူပြီးနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA) ထိန်းချုပ်မြို့ရွာတွေကို ဗုံးဆက်တိုက်ကြဲနေပါတယ်။

ဒီကနေ့လေကြောင်း ဗုံးကြဲမှုဟာ နမ့်ဆန်မြို့တစ်မြို့ထဲကို ၁၃ရက်အတွင်း ၃ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ TNLAက ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါပစ်သွားတဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်ကမြို့နယ် တချို့မှာလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။