Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ဝင်တိုက်ပေးတဲ့ BGF တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲကျ

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

၂၀၂၂ ခုနှစ် ၊အောက်တိုဘာလအတွင်း မြဝတီမြို့ပေါ်မှာကင်းလှည့်နေတဲ့ BGF တပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ

အောက်တိုဘာ – ၁၉ ၊၂၀၂၅ ၊ မေနွယ်/People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာရှိတဲ့ အင်ကြင်းမြိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA)တို့က စစ်ကြောင်းထိုးလာခဲ့ရာ KNU တပ်မဟာ (၆)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြားမှာ မနေ့ ( အောက်တိုဘာ ၁၈ ရက်) အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ် နဲ့ BGF/KNA ပူးပေါင်းစစ်ကြောင်းက မင်းလက်ပံရွာဘက်ကို စစ်ကြောင်းထိုးလာနေတယ်လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပစ်လိုက်နားလိုက်ပဲ၊ သူတို့(BGF/KNA)တွေက ယူနီဖောင်းချိန်းပြီးတော့ တပ်မ(၂၂)ဘက်ကြီးနဲ့တက်လာတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်ကူညီတိုက်ခိုက်ပေးခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) အမှတ်(၃)စစ်ဒေသ၊ (၈၈၈)ဗျူဟာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဘက်က သုံးဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

ကရင်အမျိုးသားတပ်မတော်(KNA) အမှတ်(၃)စစ်ဒေသ၊ (၈၈၈)ဗျူဟာတပ်ဟာ အရင်က ကရင်နယ်ခြားစောင့်တပ်(BGF) တပ်နယ်(၃) လက်အောက်ခံ၊ အမှတ်(၁၀၁၉)တပ်ရင်းရဲ့ တပ်ဖြစ်ပြီး အမှတ်(၃)စစ်ဒေသကို ဗိုလ်မှူးချုပ်စောမောင်ဝင်းက တာဝန်ယူကွပ်ကဲပါတယ်။

BGF/KNAဟာ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ အခြား အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KNU/KNLA PC၊ DKBA တို့နဲ့ ပူးတွဲသဘောထားထုတ်ပြန်ပြီးနောက် ကရင်ပြည်နယ်ထဲက စစ်မျက်နှာလေးနေရာထက်မနည်းမှာ စစ်ကောင်စီတပ်ကို စစ်ရေးအကူအညီတွေ လုပ်ဆောင်ပေးလာခဲ့တာပါ။

ကရင်နယ်ခြားစောင့်တပ်(BGF)ဟာ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ ထုတ်ဖော်ကြေညာထားပြီး BGF တပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲဖွဲ့စည်းထားပါတယ်။

လက်ရှိမှာ BGF/KNA ကို စစ်ဒေသ ၄ ခု၊ ဗျူဟာ ၉ ဗျူဟာ၊ တပ်ရင်း ၆၀ ကျော်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်လို့ BGF/KNA စစ်ရေးချုပ်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။