Connect with us

Hi, what are you looking for?

သတင်း

သီ​ပေါကျပြီး​နောက် ရှမ်း​မြောက်မှာ တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့ မြို့ ၂၀ ဘယ်လိုဆက်ဖြစ်မလဲ

စစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့​တွေထဲက ​သီ​ပေါမြို့ကို ​အောက်တိုဘာ ၁၆ ည​နေမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ​ကြောင့် ရှမ်း​မြောက်မှာ ပြန်ထိန်းချုပ်နိုင်တဲ့မြို့ ၄ မြို့ရှိလာပါတယ်။၁၀၂၇စစ်ဆင်​ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင် ၃ ဖွဲ့နဲ့ ​တော်လှန်​ရေးတပ်​တွေက ရှမ်း​မြောက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့​ပေါင်း ၂၂ မြို့ ရှိပါတယ် ။ TNLA က ၁၂ မြို့ ၊ MNDAA က ၉ မြို့ နဲ့ ၂၀၂၄ ဇန်နဝါရီမှာ KIA က မဘိမ်းမြို့ တို့ကို သိမ်းပိုက်ထားတာပါ။

ဒီပ/People’s Spring

စစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့​တွေထဲက ​သီ​ပေါမြို့ကို ​အောက်တိုဘာ ၁၆ ည​နေမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ​ကြောင့် ရှမ်း​မြောက်မှာ ပြန်ထိန်းချုပ်နိုင်တဲ့မြို့ ၄ မြို့ရှိလာပါတယ်။၁၀၂၇စစ်ဆင်​ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင် ၃ ဖွဲ့နဲ့ ​တော်လှန်​ရေးတပ်​တွေက ရှမ်း​မြောက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့​ပေါင်း ၂၂ မြို့ ရှိပါတယ်။ TNLA က ၁၂ မြို့၊ MNDAA က ၉ မြို့ နဲ့ ၂၀၂၄ ဇန်နဝါရီမှာ KIA က မဘိမ်းမြို့ တို့ကို သိမ်းပိုက်ထားတာပါ။

ဒါအပြင် ညီ​နောင် မဟာမိတ်သုံးဖွဲ့က ဟိုပန် နဲ့ ပန်လုံမြို့​တွေကိုသိမ်းပိုက်ထိန်ူချုပ်ပြီး ‘ဝ’တပ်ဖွဲ့ -UWSA ကိုလက်လွှဲ​ပေးခဲ့ပါတယ် ။ တချိန်တည်းမှာ TNLA ၊PDF နဲ့ ​ဒေသခံ​တော်လှန်​ရေးတပ်​တွေက မန္တ​လေးတိုင်းထဲက သပိတ်ကျင်းမြို့ ၊စဥ့်ကူးမြို့ ၊တ​ကောင်းမြို့ နဲ့ မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက် ဖိအား​ပေးမှု​တွေ​ကြောင့် ၁၀၂၇ စစ်ဆင်​ရေးဟာရပ်တန့်သွားခဲ့ရတဲ့အပြင် MNDAA က လားရှိုးမြို့ကို ၂၀၂၅ ဧပြီလမှာ ကျည် ၁ ချက်မ​ဖောက်ရပဲလက်လွှဲ​ပေးခဲ့ပါတယ် ။ ဒါအပြင် တရုတ်အစိုးရက ရှမ်း​မြောက်က ညီ​နောင်မဟာမိတ်သုံးဖွဲ့ကို ထိုးစစ်​တွေဆက်မလုပ်ဖို့ ဖိအား​ပေးခဲ့သလို ၊အာဏာသိမ်းစစ်တပ်ကို ဒရုန်း၊​လေယာဥ်ကစပြီးလက်နက်ခဲယမ်း ​ငွေ​ကြေး ၊နည်းပညာ​တွေကူညီခဲ့တာ​ကြောင့် လူငယ်​​သောင်းပေါင်းများစွာကိုအဓမ္မစစ်သားသစ်စု​ဆောင်းထားတဲ့ စစ်တပ်က အခုနှစ်မှာ တန်ပြန်ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

ရှမ်း​မြောက်မှာလည်း တရုတ်ကဖိအား​ပေးခံ​နေရတဲ့ ညီ​နောင်သုံးဖွဲ့ထိန်းချုပ်​ဒေသ​တွေကို တန်ပြန်ထိုးစစ်ဆင်ရင်း ပြီးခဲ့တဲ့ သြဂုတ်လ လယ်မှာ ​နောင်ချိုမြို့ ၊ ​အောက်တိုဘာ ၁ ရက်မှာ​ကျောက်မဲမြို့ ၊ ​အောက်တိုဘာ ၁၆ မှာ သီ​ပေါမြို့တို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ​ပေမယ့် ရှမ်း​မြောက်မှာ TNLA က ၉ မြို့ ၊ MNDAA က ၈ မြို့ ၊ KIA က ၁ မြို့၊ UWSA ထိန်းချုပ်ထားတာ ၂ မြို့ရှိ​နေဆဲဖြစ်ပါတယ်။ဒါအပြင်မူဆယ်မြို့ကိုသာ တရုတ်

က မတိုက်ခိုင်းလို့ ညီ​နောင်မဟာမိတ်​တွေမသိမ်းခဲ့​ရ​ပေမယ့် ၁၀၅ မိုင် ကုန်သွယ်​ရေးဇုန်ကို AA ၊MNDAA ၊ TNLA တို့ကသိမ်းပိုက်ထိန်းချုပ်ထားသလို ၊ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာရွာ နဲ့ စစ်တပ်ရဲ့ ခလရ(၁၂၃)တို့ကို KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။

စစ်တပ်ကရှမ်း​မြောက်အပြင် သပိတ်ကျင်းမြို့ကိုပါသြဂုတ်လမှာ ပြန်ထိန်းချုပ်နိုင်ခဲ့သလို ၊မတ္တရာမြို့နယ်အ​ရှေ့ခြမ်းက ဆုံးရှုံးထားတဲ့ ​နေရာအများစုကိုလည်းပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါအပြင် မိုးကုတ်မြို့ကိုပါ စစ်တပ်က စစ်​ကြောင်း​တွေထိုးဖို့ကြိုးစား​နေတာဖြစ်ပါတယ်။

တရုတ်အစိုးရ​က​ရော ၊အာဏာသိမ်းစစ်တပ်ကပါ ပြန်ဖွင့်​စေချင်​နေတဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်​ရေးရဲ့အဓိက လမ်း​ကြောင်းဖြစ်တဲ့ မန္တ​လေး-မူဆယ်ပြည်​ထောင်စုလမ်းမှာဆိုရင် မန္တ​လေး-ပြင်ဦးလွင်-​နောင်ချို -​ကျောက်မဲ-သီ​ပေါ အထိ လမ်း​ကြောင်းပွင့်ပြီလို့ စစ်တပ်ကဆိုပါတယ်။ဒါ​ပေမယ့် သီ​ပေါ ၊​ကျောက်မဲ ၊​နောင်ချိုမြို့နယ်​တွေမှာ မြို့​​ပေါ်ကိုထိန်းချုပ်နိုင်တာမှန်​ပေမယ့် ​ကားလမ်း​တွေ ၊ကျေးရွာတွေ ၊​တော​တောင်​တွေ စတဲ့မြို့နယ်​တွေကိုပါ စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်တာဟုတ်၊ မဟုတ်ကိုတော့ရှင်းရှင်းလင်းလင်းမရှိ​သေးပါဘူး။ ဘာ​ကြောင့်လဲဆိုရင် စစ်တပ်က အခုအပါတ်ထဲမှာပဲ ထိန်းချုပ်ထားတယ်ဆိုတဲ့ ​ကျောက်မဲ ၊သီ​ပေါ ၊​နောင်ချိုမြို့နယ်ထဲက အချို့​ကျေးရွာ​တွေကို ​လေ​ကြောင်းက​နေ ဗုံးကြဲ​နေပြီး နယ်​မြေ​တွေကိုထိန်းချုပ်ရှင်းလင်းဖို့ကြိုးစား​​နေတဲ့အ​ခြေအ​နေကို​တွေ့​​နေရဆဲဖြစ်တာ​ကြောင့်ပါ။

​TNLA ၊ MNDAA ၊ KIA ၊ UWSA တို့ကရှမ်း​မြောက်မှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​တွေ၊​ဒေသ​တွေကို ထပ်ထိန်းချုပ်ထားနိုင်မလား၊ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာပြီး ပြန်လက်လွှတ်ရမလား ဆိုတာကို​တော့ ​အချိန်ကအဆုံးအဖြတ်​ပေးသွားမှာဖြစ်ပါတယ် ။​ရှမ်း​မြောက်နဲ့ မန္တ​လေးတိုင်း ​ဒေသအချို့ရဲ့ နယ်​မြေစိုးမိုးမှု စစ်​ရေးအ​ခြေအ​နေကို ​အောက်ပါအင်ဖိုဂရပ်မှာ​လေ့လာနိုင်ပါတယ်။

ဆက်စပ်သတင်းများ