Connect with us

Hi, what are you looking for?

သတင်း

စစ်နိုင်ခြင်းမှာပြည်သူထောက်ခံမှုအဓိကလို့နေပြည်တော်(၈၀၈)တပ်ရင်း မှူးပြော

အာဏာသိမ်းစစ်ကောင်စီတပ်ကျရှုံးအောင် တိုက်ခိုက်နိုင်ရေး အဓိကအချက်မှာ ပြည်သူရဲ့ အားပေးထောက်ခံပါဝင်မှုဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၈၀၈) တပ်ရင်းမှူး ရဲဘော်ဝါဆိုက ပြောပါတယ်။

ဓာတ်ပုံ - နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၈၀၈) တပ်ရင်းမှူး ရဲဘော်ဝါဆို

အောက်တိုဘာ-၂၀၊၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကျရှုံးအောင် တိုက်ခိုက်နိုင်ရေး အဓိကအချက်မှာ ပြည်သူရဲ့ အားပေးထောက်ခံပါဝင်မှုဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၈၀၈) တပ်ရင်းမှူး ရဲဘော်ဝါဆိုက ပြောပါတယ်။

တပ်ရင်း(၈၀၈)က ပြုလုပ်နေတဲ့ လက်နက်အလက် ၂၀ ဝယ်ယူနိုင်ရေး အော်ပရေးရှင်းစစ်တောင်း ကမ်ပိန်းနဲ့ပတ်သက်ပြီး တပ်ရင်းမှူးက ပြည်သူသို့ ရှင်းလင်း ပြောကြားမှုရုပ်သံကို ဒီကနေ့ ဖော်ပြခဲ့ရာမှာ အခုလို ပြောကြားခဲ့တာပါ။

“စစ်နိုင်ခြင်းအကြောင်းတရားတွေမှာ ပါပါတယ်။ ပြည်သူသာလျင် အားပေးကူညီမှု ပြည်သူသာလျင်အဓိကဆိုတဲ့ အကြောင်းအရာ ပါပါတယ်” လို့ တပ်ရင်းမှူး ဝါဆိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် တပ်ရင်း (၈၀၈)အနေနဲ့ ပြည်သူနဲ့အတူ ရှိနေမှာ ဖြစ်သကဲ့သို့ ပြည်သူကလည်း ကူညီထောက်ပံ့ အားပေးနေမယ်ဆိုပါက ၊ အားလုံး တပ်ပေါင်းစုတွေညီညွတ်စွာ ဟန်ချက်ညီ ဗျူဟာကျကျ လုပ်ဆောင်နိုင်ပါက အောင်ပွဲရမှာ သေချာတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။

မောင်းပြန်လက်နက်တွေ မကိုင်နိုင်ခဲ့တဲ့ အခြေအနေကနေ ဒီကနေ့မှာ မောင်းပြန်လက်နက်တွေ နည်းစနစ်တွေ၊ နည်းဗျူဟာတွေ၊ ဒရုန်းတွေနဲ့ ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်တာဟာ သုညကနေ ဒီနေ့အချိန်ထိ ရောက်ရှိလာတာဟာ ပြည်သူလူထုတွေက အားပေး ထောက်ခံခဲ့လို့ ဖြစ်တယ်လို့လည်း တပ်ရင်းမှူး ရဲဘော်ဝါဆိုက ပြောပါတယ်။

တပ်ရင်း (၈၀၈) ဟာ နေပြည်တော်တပ်ရင်းတွေထဲက တပ်ရင်းအသစ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ရင်း(၈၀၈) အဖြစ် မဖွဲ့စည်းမီကတည်းက ရေတာရှည် မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာ ၂၀၂၂ ကတည်းက တပ်ရင်း(၃၅၀၁) တပ်ခွဲ(၄)အဖြစ်စုဖွဲ့ခဲ့ပြီးနောက်ပိုင်း နေပြည် တော်ကို ထိုးဖောက်နိုင်ဖို့ နေပြည်တော် တပ်ရင်းကို ရောက်ရှိလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လှုပ်ရှားမှုဆိုရင် ဗျူဟာ (၁၈)၊ နောက်ဖြစ်ပေါ်လာမယ့် ဗျူဟာ (၁၉)နဲ့ တိုင်းအဆင့်မှာပါဝင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

တပ်ရင်းမှာပါဝင်တဲ့ ရဲဘော်တွေဟာ တောင်ပိုင်းတိုင်းက ဒေါနစစ်ကြောင်းမှာ ပညာသင်ကြားခဲ့တဲ့ ရဲဘော်တွေဖြစ်ပြီး နယ်မြေခံ PDF တွေနဲ့စုပေါင်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဆီက လက်နက်တွေသိမ်းရခဲ့တဲ့အထိ အောင်ပွဲရခဲ့ကြောင်း လက်နက် ၇လက် ရရှိခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အချို့နဲ့ လက်နက်မပြည့်စုံလို့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။

“နေပြည်တော်နဲ့ အနီးဆုံးမှာ တိုက်ပွဲဝင်နေတယ်ဆိုရင် စစ်ကောင်စီကနေ လေယာဉ်ပစ်ကူတွေ လုပ်မှာ မဟုတ်ဘူး လေယာဉ်ပစ်ကူရှိမှာ မဟုတ်ဘူးဆိုပြီး ကျနော်ထင်ထားခဲ့တာ။ဘာကြောင့် ထင်ထားခဲ့တာလဲဆို နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့အတွက် ကျနော်တို့ တွေကို လေယာဉ်နဲ့ပစ်ကူတွေလာမယ် သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆုံးသွားမယ် လို့ ကျနော်ထင်ခဲ့တယ်” လို့ ရဲဘော် ဝါဆိုက တိုက်ပွဲဖြစ်စဉ်တခု မှာ စစ်တပ်ရဲ့ လေကြောင်း ပစ်ကူကြောင့် အပြီးသတ် အောင်ပွဲမရခဲ့တာကို ပြောပြပါတယ်။

တကယ်လို့သာ လက်နက်ပြည့်စုံတယ် ဆိုရင် အပြီးသတ် အောင်ပွဲရရှိမှာ ဖြစ်ကြောင်း၊ ဒါကြောင့် လက်ရှိလိုအပ်နေတာက လက်နက် ဖြစ်ကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ