Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ (၁၁)မိုင်ရွာ လေကြောင်းတိုက်ခိုက်မှုဒဏ်ရာရတဲ့ သံဃာ ၂ပါးပျံလွန်တော်မူ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့ရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ရာ အောက်တိုဘာ ၁ရက် က ၁၉ရက်အတွင်း သံဃာ ၂ပါးနဲ့ ကလေးငယ် ၈ဦးအပါအဝင် ၄၁ဦး သေဆုံးခဲ့ကြောင်း TNLAက ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။

TNLAထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးတဲ့ နေအိမ်တွေကို အောက်တိုဘာ ၁၉ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာလေကြောင်းတိုက်ခိုက်မှု သံဃာ ၂ပါး၊ ကလေးငယ် ၈ဦးအပါအဝင် ၄၁ဦး သေဆုံးဟု TNLA ထုတ်ပြန်

အောက်တိုဘာ-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့ရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ရာ အောက်တိုဘာ ၁ရက် က ၁၉ရက်အတွင်း သံဃာ ၂ ပါးနဲ့ ကလေးငယ် ၈ဦးအပါအဝင် ၄၁ဦး သေဆုံးခဲ့ကြောင်း TNLA က ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ရက်မှာ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေ ထုတ်ပြန်ရာမှာ အခုလအတွင်း သေဆုံးထိခိုက်မှုတွေကို အသိပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၉ရက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁ရက်က ၁၈ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အကြိမ်အရေအတွက်နဲ့ ထိခိုက်သေဆုံး အခြေအနေကိုလည်း ဖော်ပြထားပါတယ်။

အဲဒီကာလအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ မန်တုံမြို့မှာ (၁)ကြိမ်၊ ကျောက်မဲမှာ (၃)ကြိမ်၊ သီပေါမှာ (၅)ကြိမ်၊ မိုင်းငေါ့မှာ (၁)ကြိမ်၊ မိုင်းလုံမှာ (၄)ကြိမ်၊ နမ့်ဆန်မှာ (၅)ကြိမ်၊ နမ္မတူမှာ (၅)ကြိမ်၊ မိုးမိတ်မှာ (၃)ကြိမ်နဲ့ မိုးကုတ်မြို့မှာ ၁ကြိမ် စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု ၂၈ကြိမ် ပြုလုပ်ခဲ့တာလို့ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ရက်မှာ မြို့နယ်လေးမြို့နယ်ကို ဗုံးကြဲခဲ့တာကြောင့် အခုလအတွင်း တအာင်းဒေသကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ၃၂ ကြိမ်ဖြစ်ပါတယ်။

လေကြောင်း ဗုံးကြဲမှုကြောင့် သံဃာတော်(၂)ပါး၊ကလေး (၈)ဦး၊ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၁၉)ဦး စုစုပေါင်း ၄၁ဦး သေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုး သား (၁၆)ဦး၊ အမျိုးသမီး (၁၇)ဦး စုစုပေါင်း ၄၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်ခံရလို့ ဒဏ်ရာရသူ ၂ဦး ရှိခဲ့တာကြောင့် အောက်တိုဘာအတွင်း ဒဏ်ရာရသူ စုစုပေါင်း ၄၆ ဦးရှိခဲ့တာကို TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အရင်နေ့တွေက TNLAရဲ့ ထုတ်ပြန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်စာရင်းမှာ သံဃာတော် ၂ပါး ပျံလွန်တော်မူတာ မပါရှိဘဲ ဒီကနေ့ အောက်တိုဘာ ၂၀ရက် ထုတ်ပြန်ချက်မှာ ဖော်ပြလာတာဖြစ်ပါတယ်။

TNLAရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ သံဃာ ၂ပါး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။

အောက်တိုဘာ ၁၈ရက်ညက ကျောက်မဲမြို့နယ် (၁၁)မိုင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့လို့ သံဃာ ၂ပါး ဒဏ်ရာရခဲ့တာပါ။

အခု ပျံလွန်တော်မူတဲ့ စာရင်းမှာပါတဲ့ သံဃာ ၂ပါးဟာ ကျောက်မဲမြို့ လေကြောင်း တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတွေ ဟုတ်၊မဟုတ် ဆက်သွယ်မေးမြန်းရာ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဟိုတနေ့က ပဲ ပျံလွန်သွားတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် (၁၃၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ ကျောင်း ဆောင် (၇)ဆောင်နဲ့အဆောက်အဦး (၄)ခု ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို သတိပြုဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာဖို့လည်း TNLAက ထပ်မံ နှိုးဆော်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တအာင်းဒေသကို သာမက အခြား တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေမှာလည်းပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိနေကြောင်း TNLA က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ