Connect with us

Hi, what are you looking for?

သတင်း

ခမ်းပါတ်ကိုဦးတည်​နေတဲ့ စစ်တပ်စစ်​ကြောင်း ရန်​ကြောင့် လမ်းတ​လျှောက်​ကျေးရွာများမှပြည်သူများတိမ်း​ရှောင်ရန် ကူညီ​နေသူ​တွေ​ပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ဘက်ကို ဦးတည်လာတဲ့စစ်တပ်စစ်ကြောင်းဟာ ကလေး -တမူးလမ်းပေါ်က စော်ဘွားရေရှင်ရွာနားရောက်ရှိနေပြီး မတိမ်းရှောင်ရ​သေးတဲ့ဒေသခံပြည်သူတွေအတွက် အန္တရာယ်များတာ​ကြောင့် အမြန်တိမ်းရှောင်ကြဖို့ စစ်ဘေးရှောင် တွေကိုကူညီနေသူတွေကပြောပါတယ်။

၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ PDF ​​တွေက ခမ်းပါတ်မြို့ကို သိမ်းပြီး PDF အလံ​လွှင့်ထူစဥ်။ ဓါတ်ပုံ-NUG

​အောက်တိုဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ဘက်ကို ဦးတည်လာတဲ့စစ်တပ်စစ်ကြောင်းဟာ ကလေး -တမူးလမ်းပေါ်က စော်ဘွားရေရှင်ရွာနားရောက်ရှိနေပြီး မတိမ်းရှောင်ရ​သေးတဲ့ဒေသခံပြည်သူတွေအတွက် အန္တရာယ်များတာ​ကြောင့် အမြန်တိမ်းရှောင်ကြဖို့ စစ်ဘေးရှောင် တွေကိုကူညီနေသူတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော်၊ ကသည်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂၀၀ ကျော် စုစု​ပေါင်းခန့်မှန်းအင်အား ၅၀၀ ​ကျော်ပါဝင်တဲ့စစ်ကြောင်းဟာ စော်ဘွားရေရှင်ရွာမှာ ရောက်နေပြီး ရှေ့ကိုတိုးဖို့ပြင်နေတယ်လို့ သတင်းရရှိပါတယ်။

“ရှောင်နေတဲ့သူတွေကရှောင်ကြတယ်။ ကပ်သပ်နေသူတွေလည်းရှိနေတယ်။ ဒါကတော့အခြေအနေအရပေါ့လေ။ ဒါပေမယ့် စစ်ကြောင်းက မည်းမည်းမြင်ရာကိုရန်လုပ်မှာ။ အခုလည်း အရပ်သားတွေဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိနေတယ်။ရှောင်ကြဖို့ပဲအရေးကြီးတယ်”လို့ စစ်ဘေးရှောင် တွေကိုကူညီနေသူတစ်ဦးကအောက်တိုဘာလ ၂၀ရက်နေ့မှာပြောပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံ နဲ့ ချိတ်ဆက်ထားတဲ့ ကလေး-တမူးလမ်းကိုနယ်မြေစိုးမိုးမှုရယူဖို့နဲ့ ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာဖြစ်ပါတယ်။စော်ဘွားရေရှင်ရွာဟာ ကလေးမြို့နယ်ထဲမှာပါဝင်တဲ့ တမူးမြို့နယ်စပ်က ရွာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းက အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ကံကြီးရွာနဲ့ခုံသာရွာက အရပ်သားတွေဖမ်းဆီးခံရပြီး ရှစ်ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

“ဒီရက်ထဲမှာ အရပ်သားတွေ အဖမ်းခံထိတယ်။ ရှစ်ယောက် အသတ်ခံရတယ်။စစ်ကြောင်းကစစ်ရာဇဝတ်မှုတွေကျူးလွန်ရင် ဒေသခံတွေအတွက် ဆုံးရှုံးမှုကြီးမားတယ်”လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာပြီးခဲ့တဲ့ဩဂုတ်လဆန်းက
တည်းက ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်
ကြောင်းထိုးနေခဲ့တာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။စစ်တပ်ကလေ
ကြောင်း၊လက်နက်ကြီးအင်အားသုံးပြီးပစ်ခတ်နေလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆုတ်ခွာပေးလိုက်ရတဲ့အခါ မြေပြင်ကနေ ရှေ့ကိုတိုးနေတာလို့ ၎င်းက ပြောပါတယ်။

မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူနှစ်လကျော်ကြာတဲ့အထိ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကအင်အား၂ဆကျော်တိုးပြီး စစ်ကြောင်းဝင်လာလို့ ခွာစစ်ဆင်ခဲ့တာလို့ ကာကွယ်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ ရှင်းပြထားပါတယ်။

လက်ရှိမှာ ကလေး- တမူးလမ်းသွားလာမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။။လုံခြုံရေးအခြေအနေအရ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကိုလိုက်နာကြဖို့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၄)က တိုက်တွန်းထားပါတယ်။

လက်ရှိဒေသတွင်းအခြေအနေကြောင့်ကလေးမြို့နယ်က နန်းဟံနွဲ့၊ နန်းစောင်းပု၊ကြံစက်ကုန်း ၊ ၅၆မိုင်၊ ခုံသာ၊ကံကြီး၊ ရာဇဂြိုလ်၊ မြစိမ်းရွာအပါ
အဝင် ကျေးရွာပေါင်း၂၀ ကျော်က ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ က
လေးမြို့ပေါ်ကိုလည်း စစ်ဘေးရှောင်တွေအများအပြားရောက်ရှိလာပြီး စစ်ကောင်စီက ဖမ်းဆီးနေတာတွေရှိတယ်လို့ သိရပါတယ်။

“ကလေး-တမူးလမ်းကို စိုးမိုးဖို့ရော၊ ခါမ်းပတ်ကို ပြန်ထိန်းချုပ်ဖို့ရော လုပ်နေတာဆိုတော့ စစ်ဘေးရှောင်နေတဲ့အတွက် ရေရှည်စဉ်းစားဖို့လိုတယ်။ အချင်းချင်း အားလုံးဝိုင်းပြီးကူညီကြဖို့ အရေးကြီးပါတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ခါမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့အထိထိန်းချုပ်ထားတာပါ။ ပြီးခဲ့တဲ့သြဂုတ်လကလည်း ကလေး-တမူးအာရှလမ်းပေါ်က နန်မွန်းတားရွာမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒါ​ပေမယ့် စစ်တပ် စစ်​ကြောင်းအထိနာပြီး ပြန်ဆုတ်ခဲ့ရပါတယ် ။

စစ်တပ်စစ်ကြောင်းမှာ ကသည်းတပ်တွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့‌တွေဟာစစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ ဟုမ္မလင်းမြို့ကနေ သင်္ဘောတွေနဲ့ ကလေးမြို့ကိုဝင်ရောက်လာလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသကစက်တင်ဘာလထဲမှာထုတ်ပြန်ခဲ့ပါတယ်။

ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာလ၁၅ရက်နေ့ကတိုက်ပွဲမှာစစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ပူးပေါင်းတပ်ကိုကလေးခရိုင် အမှတ် (၄) တပ်ရင်းက တိုက်ခိုက်စဉ် ကသည်းလက်နက်ကိုင်တပ်စိတ်တစ်စိတ်လုံး သေဆုံးပြီး စစ်ကောင်စီ ဗိုလ်မှူး၁ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ