Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကျားဖြန့်တွေဆီ ဘဏ်စာအုပ်ရောင်းသူတွေ အဖမ်းခံရ

မန္တလေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကျားဖြန့်သမားတွေဆီ ဘဏ်စာအုပ်ရောင်းချခဲ့တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး ဈေးချိုဈေးနဲ့ နာရီစဉ်ကို ၂၀၂၄ ခုနှစ် ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ − AFP

အောက်တိုဘာ-၂၀၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကျားဖြန့်သမားတွေဆီ ဘဏ်စာအုပ်ရောင်းချခဲ့တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄အတွင်းက မန္တလေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာ လူတစုက ရပ်ကွက်နေ ပြည်သူတွေကိုကိုယ့်မှတ်ပုံတင်နဲ့အတူဘဏ်မှာငွေစုစာအုပ်လိုက်လုပ်ပေးရင် ငွေနှစ်သောင်းပေးမယ်ဆိုပြီး ခေါ်ယူခဲ့ကြောင်း၊ ဘဏ်စာအုပ်တွေကိုတော့ ငွေပေးတဲ့လူတွေကသိမ်းယူသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ မန္တ လေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးရွာတရွာမှာ အဲဒီလို ငွေရလို့ ဘဏ်စာအုပ်လိုက်လုပ်ခဲ့တဲ့ ပြည်သူတွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တရွာလုံး နှစ်သောင်းရတော့လိုက်လုပ်ကြတာ။ နောက်တော့ ကျားဖြန့်တွေနဲ့ပတ်သက်လို့ဆိုပြီး အဲဒီဘဏ်စာအုပ်ပိုင်ရှင်တွေ အကုန် ဖမ်းခံလိုက်ရတယ်”လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

ကျားဖြန့်သမားတွေဟာ မသိနားမလည်တဲ့ ပြည်သူတွေရဲ့ ဘဏ်စာအုပ်နဲ့ Kpay တွေထပ်ဖွင့်ပြီး ငွေလိမ်တဲ့နေရာမှာ အသုံးပြုခဲ့တာကြောင့် မူလအကောင့်ပိုင်ရှင်ပြည်သူတွေ ဒုက္ခရောက်ခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာ ပြည်သူတွေဟာ ကိုယ့်ဘဏ်အကောင့်ကိုသွားရောက်ပိတ်ခဲ့ပေမဲ့ ဘဏ်ကပိတ်လို့မရတော့ဘူးလို့ဆိုတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်က Group တွေမှာလည်း Kpay အကောင့်တွေ ရောင်းဝယ်နေကြတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ