အောက်တိုဘာ-၂၀၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက် ပါရမီလမ်းမပေါ်က ဆိုင်ခန်းတွေမီးလောင်မှုဖြစ်ခဲ့တာကြောင့် နာရီဝက်ခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
“မီးပွိုင့်နားက ဆိုင်ခန်းတွဲလေးကနေစလောင်တာပါ။အုန်းတောကျောင်းနောက်က ဆိုင်ခန်းတွဲလေးတွေပါ။ဆေးပုံးရောင်းတဲ့ဆိုင်ကနေစလောင်တာပါ။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက် ညနေ ၄နာရီကျော်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး Level 1 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ နာရီဝက်ခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
မီးလောင်မှုကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာ ဈေးဆိုင်တန်းက ဆိုင်ခန်းတွေ အကုန်နီးပါး လောင်ခဲ့တာကိုတွေ့ရပါတယ်။
မီးလောင်မှုအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က သီးသန့်ထုတ်ပြန်ထားတာမရှိပါဘူး။





















































