Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနယ် ပဲချက်ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ဒေသခံ လေးဦး သေဆုံး

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကိုစစ်ကောင်စီတပ်က စက်တပ်လေထီး(Paramotor ) နဲ့ ဗုံးကြဲလို့ အရပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

အောက်တိုဘာ – ၂၂ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကိုစစ်ကောင်စီတပ်က စက်တပ်လေထီး(Paramotor ) နဲ့ ဗုံးကြဲလို့ အရပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်ကနေ ရှစ်မိုင်ခန့်ဝေးတဲ့ နွားထိုးကြီး -မြို့သာလမ်းပိုင်းရှိ ပဲချက်ကျေးရွာကို အောက်တိုဘာလ ၁၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ စက်တပ်လေထီး သုံး စီးနဲ့ ဗုံးကြဲခဲ့တာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ဦး ၊အမျိုးသမီး နှစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၃နှစ်အရွယ် ဦးကျော်နိုင်နဲ့ ဇနီးဖြစ်သူ အသက် ၅၂နှစ် အရွယ် ဒေါ်ခင်သန်းနု၊ အသက် ၅၇အရွယ် ဦးခင်မောင်ဝင်း၊ အသက် ၉၁နှစ်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးသွားတာပါ။

ဒါအပြင် အသက် ၁၀ နှစ် မိန်းကလေးငယ် နဲ့ ၄၅နှစ်အရွယ် အမျိုးသမီးတို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နွားထိုးကြီးမြို့နယ်အတွင်းထိတွေ့တိုက်ပွဲ မရှိပေမယ့် ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါးလေကြောင်းတိုက်ခိုက်နေပါတယ်။

နွားထိုးကြီးမြို့ပေါ်ကိုလည်း စစ်တပ်က အောက်တိုဘာ၁၈ရက်က ဝင်ရောက်လာပြီးတပ်စွဲထားတဲ့အတွက် တိမ်းရှောင်ရတဲ့မြို့ခံတွေလည်းရှိနေပါတယ်။

နွားထိုးကြီးမြို့ပေါ်အပြင် မြို့ အနီးနားက ကျေးရွာတွေကိုပါ စစ်ကြောင်းဝင်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ