Connect with us

Hi, what are you looking for?

သတင်း

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park ကနေ အလုံးအရင်းနဲ့ပြောင်းရွှေ့

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်ကောင်စီတပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက်ဒီနေ့ (အောက်တိုဘာ ၂၂ ရက်)မှာတရုတ်နိုင်ငံသားတွေအပါ အဝင်အလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းကြပါတယ်။

KK Park ကနေ ပြောင်းရွှေ့လာသူတွေ နဲ့ ထိုင်းဘက်ကိုတိမ်းရှောင်ကြသူတွေကိုတွေ့ရပုံ ဓာတ်ပုံ - ဒေသခံ ၊ชิราวุธ รุ่งจำรัสรัศมี/FB

အောက်တိုဘာ – ၂၂ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်ကောင်စီတပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက်ဒီနေ့ (အောက်တိုဘာ ၂၂ ရက်)မှာတရုတ်နိုင်ငံသားတွေအပါ အဝင်အလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းကြပါတယ်။

မယ်ထော်သလေးရွာအနီးမှာရှိတဲ့ KK Park ဆိုက်ထဲက တရုတ်နိုင်ငံသားတွေ နဲ့ အလုပ်သမားတွေ နေရာ ရွှေ့ပြောင်းတာကြောင့် မြို့ဝတီမြို့ပေါ်မှာဆိုရင် တည်းခိုခန်း ၊ ဟိုတယ် တွေအပြင် အိမ်ခန်း အဌားတွေပါ လူ ပြည့်သွားတယ်လို့ မြ၀တီမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“(တည်းခိုခန်းဟိုတယ်တွေ) ပြည့်သွားပြီ၊ တချို့ တန်းလျားတွေ ၊ဟောခန်းကြီးတွေ အဲ့လိုမျိုးတော့လိုက်နေကြတယ်၊ကြံခင်းလမ်းမှာဆို ပိတ်နေတာသင်္ကြန်ကျနေသလိုပဲ၊ (ရွှေ့ပြောင်းဖို့) နှစ်ရက်အချိန်ပေးတယ်လို့ကြားတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံသားအချို့လည်း သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရာမှာ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာ ရှိနေပါတယ်။

ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ် စင်တာတွေဟာ နှိမ်နင်းနေတဲ့ကြားကနေ ကြီးထွားလာနေပြီး အဆောက်အဦးတွေပေါ်မှာ စတားလင့်ခ်( Starlink) ဂြိုဟ်တု အင်တာနက် စက်တွေ အများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ကွန်ဂရက်ရဲ့ စီးပွားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာ စစ်ကောင်စီတပ် က KK Park ကို အချိန်ကိုက် ဝင်စီးတာတွေ လုပ်ပြလာပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ Starlink စက် အလုံး ၃၀ ၊ အလုပ်သမားအမျိုးသား၊ အမျိုးသမီး ၊လုံခြုံရေး စုစုပေါင်း ဦးရေ နှစ်ထောင်ကျော် တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြဝတီမြို့ခံသတင်းရင်းမြစ်ကတော့ KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက် သာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice For Myanmar အဖွဲ့ကလည်း KK Park ကို စီးနင်းမှုဟာ အာဆီယံ အစည်းအဝေးမတိုင်ခင် အချိန်ကိုက်လုပ်ဆောင်တဲ့ အယောင်ပြစီးနင်းမှုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

ဆက်စပ်သတင်းများ