Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးက စစ်ကောင်စီတပ်စခန်း ၂ခု KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ် ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို လိုင်ဇာဒေသအနီးမှာ တွေ့ရစဉ်။ ဓာတ်ပုံ - AP

ဖားကန့် KIA တပ်ရင်း(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းထပ်မံ တိုက်ခိုက်

အောက်တိုဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ် ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အောက်တိုဘာ ၂၁ရက်မှာ ခေါင်လန်ဖူးမြို့နယ်က လန်ဒမ်းရွာနဲ့ မခေါင်ဒမ်းရွာက တပ်စခန်း ၂ခုကို သိမ်းပိုက်နိုင်တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တဦးကလည်း “ဒေသကာကွယ်ရေးတွေက သိမ်းတာ။ အဲဒီမှာ ရှိတဲ့ ကျနော်တို့ KIA/KPDFတွေက သိမ်းတာဟုတ်တယ်” လို့ ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIAက ၂၀၂၄ ဒီဇင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပေမယ့် ဒီနှစ်အတွင်းမှာ စခန်းသိမ်း စစ်ဆင်ရေး သတင်း စတင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အခြားစစ်ရေး သတင်းရင်းမြစ်တဦးကလည်း ခေါင်လန်ဖူးက စစ်ကောင်စီနဲ့ ပြည်သူ့ စစ် စခန်း ၂ခု သိမ်းပိုက်နိုင်မှုကို လူမှုကွန်ရက်မှာ ရေးသား အသိပေးထားပါတယ်။ အဲဒီ စခန်းတွေဟာ ခလရ(၁၃၇) နဲ့ ပြည်သူ့စစ် ပူးပေါင်းနေရာယူထားတာလို့ သတင်းရင်းမြစ်က အသိပေးထားတာပါ။
ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် ဖားကန့် အပါအဝင် KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ဒီကနေ့ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၂ရက် ည ၈နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက ဖားကန့်ဒေသက KIA တပ်ရင်း(၆) နယ်မြေကို Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၁ရက်မနက်ကလည်း KIA တပ်ရင်း(၆)နယ်မြေကို အခုလိုပဲ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။မနေ့ က တိုက်ခိုက်မှုမှာ KIA အရာရှိတွေ အပါအဝင် ထိခိုက်မှုရှိတယ်လို့ စစ်ကောင်စီတပ်ဘက်က ဝါဒဖြန့်နေပေမယ့် ဗိုလ်မှူးကြီးနော်ဘူက လူထိခိုက်မှု မရှိဘူးလို့ မြေပြင်က သတင်းပေးပို့လာတယ်လို့ ပြောပြပါတယ်။

KIA တပ်ရင်း(၆) အပါအဝင် KIA ထိန်းချုပ်နယ်မြေ ၁၁နေရာကို စစ်ကောင်စီက အောက်တိုဘာ ၂၁ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ၀ိုင်းမော် လမြန်ဒေသ၊ ရွှေညောင်ပင်ဒေသ၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနဲ့ ဖားကန့် KIA တပ်ရင်း(၆)ဌာနချုပ် အနီးဝန်းကျင်နေရာတွေကို စစ်ကောင်စီက လေယာဉ် ဗုံးကြဲခဲ့တာလို့ ပြောပါတယ်။

ဒီကနေ့ည ဖားကန့် KIA တပ်ရင်း(၆)နယ်မြေကို စစ်ကောင်စီတပ် လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းစုံစမ်းနေဆဲပါ။

ဆက်စပ်သတင်းများ