Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တ်ိုက်ပွဲ စစ်တပ်အထိနာပြီးKIA တပ်ရင်း(၆)ကိုဗုံးကြဲ

ဖားကန့်မြို့နယ်၊ယူမာရွာအနီးမှာ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုတွေများခဲ့တဲ့စစ်တပ်က ဒီနေ့ညပိုင်းမှာကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)တပ်ရင်း(၆)ကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

​ရှေ့တန်းတ​နေရာမှ KIA တပ်ဖွဲ့ဝင်တဦး (ပုံအ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-File

​အောက်တိုဘာ-၂၂၊၂၀၂၅။‌ဇော်ရမ်း/ People’s Spring

ဖားကန့်မြို့နယ်၊ယူမာရွာအနီးမှာ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုတွေများခဲ့တဲ့စစ်တပ်က ဒီနေ့ညပိုင်းမှာကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)တပ်ရင်း(၆)ကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

“ယူမာရွာနား၊ ဆိုင်းတောင်ရွာအထွက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးသူတို့(စစ်တပ်စစ်
ကြောင်း) တော်တော်အထိနာတယ်။ ဒါ‌ကြောင့် ရင်း(၆)ကို ရမ်းပစ်နေတာ” လို့ KIA နဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ဖားကန့်တပ်မကုန်းကနေ ထွက်လာတဲ့ အင်အား၂၀ ကျော်ပါစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က KIA တပ်ရင်း(၆)ကိုအောက်တိုဘာလ၂၁ ရက်မနက်ပိုင်းမှာလည်းလေကြောင်းကနေဗုံးကြဲခဲ့ပါ​သေးတယ်။ အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်သူမရှိခဲ့ပါဘူး။

ဒီကနေ့ညပိုင်းမှာတော့ ၈နာရီခွဲခန့်မှာတစ်စီး၊ ၉နာရီကျော်မှာတစ်စီး ‌ဗုံးလာY12 နှစ်စီးနဲ့ကြဲနေတယ်လို့ သတင်းရရှိပါတယ်။ဗုံးအလုံးလေးဆယ်ကျော် ချသွားပြီး ကနဦးသတင်း တွေအရ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

နေ့လည်ပိုင်းကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်တပ်ဘက်ကဆယ်ဦးကျော်သေဆုံးပြီး ဒဏ်ရာရသူတွေကို စစ်ကူတွေကလာရောက် ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ဒါအပြင် ဒီကနေ့ညမှာ ဖားကန့်ရဲ့နေရာ ၅နေရာထက်မနည်းမှာ သေနတ်ပစ်ခတ်သံတွေ ကြား​နေရနေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒီနေ့ညဦးပိုင်းမှာလည်း မှော်စီဆာရွာကျောက်ဝိုင်းနဲ့ လုံးခင်းကျောက်ဝိုင်းအနီးမှာ သေနတ်ပစ်ခတ်သံတွေကြားလို့ ကျောက်ရောင်းဝယ်သူတွေနဲ့ ဒေသခံတွေဝရုန်းသုန်းကားထွက်ပြေးခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ