Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲနေပြီး လူငယ်တွေ အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပေါ်တာလိုက်ဆွဲနေတဲ့ စစ်ကောင်စီရဲ့အိမ်စီးကားတချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၃၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲနေပြီး လူငယ်တွေ အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ် နေရာအနှံ့ပေါ်တာလိုက်ဆွဲခဲ့ပြီး ဆိုင်ကယ်တွေတင်မကဘဲ ကားပေါ်ပါ လူငယ်တွေကိုပါ အတင်းဆွဲခေါ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။

“အိမ်စီးကားတွေနဲ့ပတ်ဖမ်းနေတာ ဆွဲခံရသူတွေ အတော်လေးပါသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ်က နန္နဝန်အေးရိပ်သာလမ်း၊ ပြည်ထောင်စုလမ်း စတဲ့လမ်းတွေပေါ်မှာ ဆွဲခဲ့တာဖြစ်ပြီး ဆိုင်ကယ်နဲ့တင်မက အန်စာတုံးကားပေါ်ပါ လူငယ်တွေကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့သူ အရေအတွက် အတိအကျ မသိရသေးပါဘူး။

ပေါ်တာဆွဲခံရသူတွေကိုတော့ စုပေါင်းရုံးဘက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလတုန်းကလည်း ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ပွဲကပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။

လာမယ့် တန်ဆောင်တိုင်ကာလမှာလည်း စစ်ကောင်စီက မုံရွာမြို့ပေါ်မှာ ပျော်ပွဲ၊ရွှင်ပွဲတွေ လုပ်ပေးပြီး လူဖမ်းပွဲတွေပြုလုပ်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိ စစ်မှုထမ်းအပတ်စဥ် (၁၈)ကို စတင်နေပြီဖြစ်ပြီး အပတ်စဥ် (၁၉)အတွက် လူရှာနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။