Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က အိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲနေပြီး လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ရှိ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့မီးသတ်ဝန်ထမ်းများအား တွေ့ရစဥ်။ ဓါတ်ပုံ-MOI

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲနေပြီး လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၃ ရက် မနက် ၁၁ နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ အမြန်လမ်းအရှေ့ဘက်က ရွာတွေဖြစ်တဲ့ အင်းကုန်းရွာနဲ့ ကန်ပတ်လည်ရွာကို စစ်တပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲလို့ ၄ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အိမ်တွေပေါ်တက်ဆွဲနေတာကြာပြီ။ ပုံမှန်လိုဖြစ်နေပြီ။”လို့ Voice Of Wundwin အဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညနေပိုင်းမှာလည်း ကျောင်းကုန်း၊ ရွာသစ်၊ ဆည်ရွာတွေကို စစ်တပ်က အိမ်စီးကားနဲ့ပတ်ပြီး ပေါ်တာဆွဲရာ ကျောင်းကုန်းရွာမှ ၂ဦးပါသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဝမ်းတွင်းမြို့နယ်မှာ လကုန်ရက်နဲ့ လဆန်းရက်တွေမှာ မကြာခဏ ပေါ်တာဆွဲလေ့ရှိပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံရလေ့ရှိကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အပတ်စဥ် (၁၈)ကို စတင်နေပြီဖြစ်ပြီး အပတ်စဥ် (၁၉)အတွက် စုဆောင်းနေတာဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။