Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က အိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲနေပြီး လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ရှိ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့မီးသတ်ဝန်ထမ်းများအား တွေ့ရစဥ်။ ဓါတ်ပုံ-MOI

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲနေပြီး လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၃ ရက် မနက် ၁၁ နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ အမြန်လမ်းအရှေ့ဘက်က ရွာတွေဖြစ်တဲ့ အင်းကုန်းရွာနဲ့ ကန်ပတ်လည်ရွာကို စစ်တပ်က အိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲလို့ ၄ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အိမ်တွေပေါ်တက်ဆွဲနေတာကြာပြီ။ ပုံမှန်လိုဖြစ်နေပြီ။”လို့ Voice Of Wundwin အဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညနေပိုင်းမှာလည်း ကျောင်းကုန်း၊ ရွာသစ်၊ ဆည်ရွာတွေကို စစ်တပ်က အိမ်စီးကားနဲ့ပတ်ပြီး ပေါ်တာဆွဲရာ ကျောင်းကုန်းရွာမှ ၂ဦးပါသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဝမ်းတွင်းမြို့နယ်မှာ လကုန်ရက်နဲ့ လဆန်းရက်တွေမှာ မကြာခဏ ပေါ်တာဆွဲလေ့ရှိပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံရလေ့ရှိကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အပတ်စဥ် (၁၈)ကို စတင်နေပြီဖြစ်ပြီး အပတ်စဥ် (၁၉)အတွက် စုဆောင်းနေတာဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။