Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ – စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူ – စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအထိနာပြီး ဆိပ်ဖြူမြို့အတွင်း ပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။

Yenanthar Column နဲ့ ပခုက္ကူခရိုင် အမှတ်(၁၉)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Yenanthar Column

အောက်တိုဘာ-၂၆၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူ – စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအထိနာပြီး ဆိပ်ဖြူမြို့အတွင်း ပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(အောက်တိုဘာ ၂၅ ရက်) မနက် ၁၀ နာရီ၀န်းကျင်က ဆိပ်ဖြူမြို့ဘောလုံးကွင်းကနေ ထွက်လာတဲ့ အမှတ် (၂၁)၊(၂၂)ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၁၊၂၂) ၊အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉) နဲ့ တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၃)တပ်ရင်းတို့ ပူး​ပေါင်းစစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“ထိတွေ့ပြီးစကတော့ မြို့ထဲပြန်သွားတာ။ ဒီနေ့တော့ ထပ်လာဖို့ပြင်ဆင်နေကြတယ်”လို့ Yenanthar Column တာဝန်ရှိသူက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ ယာဥ်တွေကို ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်အရှိန်ကြောင့် ချင်တောင်‌ကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုဆက်ဖြစ်ခဲ့ပြီး စစ်ကား နှစ်စီးပျက်စီးခဲ့‌‌တယ်လို့ Yenanthar Column က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိုင်ချတဲ့ စလင်းမြို့နယ် တညောင်တိုက်နယ် လျှပ်စစ်ခွဲရုံကနေ လက်နက်ကြီးပစ်ကူပေးတာနဲ့ ဆိပ်ဖြူ-စလင်း ကားလမ်း ပေါ်က ထိုးစစ်အခြေအနေကြောင့် ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယိ။

ထိတွေ့မှုမှာ တပ်တွင်းအရင်းအမြစ်ကတဆင့် စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာ ရခဲ့တယ်လို့ Yenanthar Column ဖော်ပြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်ထိုးစစ်ကို မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ်(၁၉)တပ်ရင်းနဲ့ အမှတ်(၄)တပ်ရင်း တို့ပူးပေါင်းခုခံနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook