Connect with us

Hi, what are you looking for?

သတင်း

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ဆောမြို့မှာ ဆန္ဒပြ​တောင်းဆို

ဆော့မြို့မှာ အသက် ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့ပေါ်မှာ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။

Screenshot

အောက်တိုဘာ-၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ဆောမြို့မှာ အသက် ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့ပေါ်မှာ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။

အောက်တိုဘာ ၂၁ရက်က ဆောမြို့က အသက် ၁၃နှစ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကိုဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အသက် ၂၁နှစ်အရွယ် မင်းမင်းစိုး ဆိုတဲ့ ကာကွယ်ရေးရဲဘော် ဖြစ်ပြီး သူကလည်း ကျူးလွန်တာကို ဝန်ခံထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မိန်းကလေးငယ်ကို ကျူးလွန်ခဲ့သူကို သေဒဏ်ပေးဖို့ ဆောမြို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ရုပ်သံကိုလည်း ဒေသခံတဦးက​အောက်တိုဘာ ၂၆ ရက်မှာ လူမှုကွန်ယက်မှာဖော်ပြထားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ကျူးလွန်သူကို ပြည်သူ့ရှေ့မှာ ချက်ချင်း ​သေဒဏ်​ပေးဖို့ တောင်းဆို​နေကြတာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။

“အရင်ကလည်းမုဒိမ်းမှု ရှိတဲ့တဲ့ သူက(ကျူးလွန်သူက)”လို့ဒေသသတင်းရင်းမြစ်ကတဦးကပြောပါတယ်။

​အောက်တိုဘာ ၂၆ ရက်ညမှာဆောမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံအချို့ကပြောပါတယ်။ ပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပြုလုပ်နေတာဖြစ်ပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ဆောမြို့မှာ ဆန္ဒပြ​တောင်းဆို အောက်တိုဘာ-၂၆၊၂၀၂၅။ထားမြတ်/People’s…

Posted by People's Spring on Sunday 26 October 2025

ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ ခိုတောင်ကျွန်းမှာ နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်မှုအတွက်လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သတင်း

ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီတပ်-SNA နဲ့ စစ်တပ်အပြည့်အဝထိန်းချုပ်ထားတဲ့ ရွာမှာ ဖြစ်ပွားခဲ့တဲ့ ကတူတိုင်းရင်းသူ စစ်ဘေးရှောင်မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရမှုကို စုံစမ်းဖော်ထုတ်အ​ရေးယူပေးဖို့နဲ့ SNA ထိန်းချုပ်နယ်မြေထဲက ကတူးအရပ်သားပြည်သူတွေရဲ့လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့ အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာစစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်နှစ်ဦးက စစ်​ဘေး​ရှောင်မသန်စွမ်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ အမှုမှန်ကို ပေါ်ပေါက်အောင်ဝိုင်းဝန်းကြိုးစားပေးဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။