Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းနဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် KIA သတိပေး

ကချင်ပြည်နယ်၊ မိုးညင်းမြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ကို ဒီနေ့(အောက်တိုဘာ ၂၇ရက်)မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားပါတယ်။

မိုးမိတ်မြို့နယ်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲပြီး​နောက် အ​ဆောက်အအုံအချို့ပျက်စီး​ နေစဥ်။ ဓာတ်ပုံ -​ဒေသခံ

အောက်တိုဘာ-၂၇၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ မိုးညင်းမြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ကို ဒီနေ့(အောက်တိုဘာ ၂၇ရက်)မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးညှင်းမြို့နယ်ထဲက တနေရာကို Y12လေယာဉ်နဲ့ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” ဖားကန့်ဘက်လည်း ညက လေယာဉ်ပစ်တယ်။ ဒီမနက်မှာကြ‌တော့ မိုးညှင်းနယ်ထဲကို ကြဲတာပါ။ ဗုံးကြဲတဲ့ရွာမှာ အရပ်သားတွေရှိပါတယ်”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးညှင်းခရိုင်ထဲမှာ ဖားကန့်မြို့နယ်ပါဝင်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

” ဖားကန့်မှာ ထိတွေတိုက်ပွဲမဖြစ်တာတပတ် လောက်ရှိပါပြီ။စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေရမ်းသမ်းပစ်နေလို့ အဲဒီအန္တရာယ်ကိုသတိပြုဖို့လိုတယ်”လို့ ကချင်လွတ်လပ်ရေတပ်မတော်( KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ၂၆ရက်မှာ သတိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မိုးမိတ်မြို့ကိုတော့ မနက်ရော နေခင်းပိုင်းမှာပါ ဂျက်ဖိုက်တာနဲ့ဗုံးကြဲလာလို့သိရပါတယ်။

မြို့အနီးမှာရှိတဲ့ ဝဲပေါင်းရွာနဲ့ မြစ်ဆုံကျေးရွာကို မနက်အစောပိုင်းမှာ ဗုံးကြဲတာဖြစ်ပြီး မန်ကျည်းပင်ကျေးရွာ မီးသတ်ရုံးကိုတော့ နေ့ခင်း ၁၂နာရီကျော်မှာ ဗုံးကြဲတာလို့ သိရပါတယ်။

” မီးသတ်ရုံးကိုကြဲတာတော့ အထိအခိုက်မရှိဘူး။ ဝဲပေါင်းနဲ့မြစ်ဆုံရွာကတော့ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ‌တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေကိုလည်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲနေလို့ သတိပြုဖို့ TNLAက သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်းဗုံးကြဲခံရတဲ့ ဝဲပေါင်းကျေးရွာကိုအောက်တိုဘာ ၉ရက်ကလည်း စစ်ကောင်စီကဗုံးကြဲခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ