Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရောက်နေတဲ့ ဒေါ်နယ်ထရမ့်ကို ပြည်ပရောက်မြန်မာတွေက မြန်မာ့အရေးကူညီပေးဖို့ တောင်းဆိုဆန္ဒပြ

ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာဏာသိမ်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုရပ်တန့်စေဖို့နဲ့ မြန်မာ့အရေးကူညီပေးဖို့ တောင်းဆိုဆန္ဒပြမှု ဂျပန်ရောက်မြန်မာတွေက ဒီကနေ့ (အောက်တိုဘာ ၂၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - NUG Support Team Japan

အောက်တိုဘာ-၂၇၊၂၀၂၅။ သုည/People’s Spring

ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာဏာသိမ်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုရပ်တန့်စေဖို့နဲ့ မြန်မာ့အရေးကူညီပေးဖို့ တောင်းဆိုဆန္ဒပြမှု ဂျပန်ရောက်မြန်မာတွေက ဒီကနေ့ (အောက်တိုဘာ ၂၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို ကူညီပံ့ပိုးပေးဖို့၊ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာအရေးယူပေးဖို့၊ မြန်မာစစ်အုပ်စုကို ကျောထောက်နောက်ခံပြုကာ ပံ့ပိုးပေးနေတဲ့ တရုတ်အစိုးရရဲ့ ဒေသတွင်း ဩဇာအာဏာကြီးထွားလာမှုကို မျက်ကွယ်မပြုဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အသံအားနားထောင်ကာ မြန်မာ့အရေးအတွက် ထိရောက်စွာကူညီဆောင်ရွက်ပေးဖို့လည်း တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရထံကို အိတ်ဖွင့်ပေးစာတစ်စောင်အား ပေးပို့ခဲ့ကြပြီး သမ္မတထရမ့် အာဆီယံအစည်းအဝေး မတက်ရောက်မီက ရရှိခဲ့ကြောင်း ပြန်လည်အကြောင်းကြားမှုကိုလည်း လက်ခံရရှိထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ