အောက်တိုဘာ-၂၇၊ ၂၀၂၅။မိုမို/People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန်ပျူစောထီးအဖွဲ့ရဲ့ ဒရုန်းတစီးသိမ်းရခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၂၇ရက်)က မြင်းခြံမြို့ရဲ့အနောက်ဘက်ခြမ်းကနေ ဒရုန်းကို ရရှိတာလို့ ဆိုပါတယ်။
“တိုက်ပွဲ ဖြစ်တဲ့နားမှာ ဒရုန်းနဲ့ချရင်းကနေ ဘက်ထရီ အားကုန်းရင်းပျက်ကျတာ ဖြစ်မယ်။အဲဒါကို ကျွန်တော်တို့ ရှင်းလင်းရေးလုပ်ပြီး သိမ်းဆည်းရမိတာ။မြင်းခြံအနောက်ဘက်ကနေ ထိုးလာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီစစ်ကြောင်းကနေရလိုက်တာ”လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement
ဒါပေမယ့် ဒရုန်းရရှိတဲ့ ဒေသအခြေအနေ အသေးစိတ်ကိုတော့ လတ်တလောစစ်ရေးအရ ဖော်ပြဖို့ မသင့်သေးဘူးလို့ ၎င်းက ပြောပါတယ်။
မြင်းခြံခရိုင်က တောင်သာ၊မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေကို စစ်ကောင်စီတပ်က အခုနှစ် သြဂုတ်ကတည်းက စစ်ကြောင်းတွေ ထိုးနေတာဖြစ်ပါတယ်။
ဒါပေမယ့် စက်တင်ဘာ ၂၅ရက်ကနေ အောက်တို ဘာ ၁၂ရက်အထိ ၁၈ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီး စစ်ဦးလန်အောင် တိုက်ခိုက်ခံထားရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုအများအပြားရှိပြီး လက်နက်မျိုးစုံ ၅၀ နီးပါးသိမ်းရတယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော် (Natogyi People Defence Force) မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


















































