Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်​တွေကို မဲမ​ပေးရင်ပြန်ပို့မယ်၊ စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုကခြိမ်းခြောက်နေ

ရန်ကုန်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မဖြစ်မနေမဲပေးရမယ်ဆိုပြီးဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AFP

​အောက်တိုဘာ-၂၇၊၂၀၂၅။People’s Spring

ရန်ကုန်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မဖြစ်မနေမဲပေးရမယ်ဆိုပြီးဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

တိုက်ပွဲ​တွေဖြစ်​နေတဲ့ ​ဒေသ​တွေက​နေ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းပါရှိတဲ့မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးဖို့ ရပ်ကွက်ရုံးကိုခေါ်ယူသတိပေးတာတွေလုပ်တယ်လို့ စုံစမ်းသိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မဲမပေးပါရင် ရန်ကုန်တွင်နေထိုင်ခွင့်မပြုပဲ မိမိနေထိုင်ရာဒေသလို့ပြန်ပို့မယ်လို့ စစ်အုပ်စုခန့်အပ်ထားတဲ့ အုပ်ချုပ်​ရေးအဖွဲ့ဝင်​တွေကခြိမ်း​ခြောက်​နေကြတယ်လို့စစ်​​ဘေးရှောင်အချို့က​ပြောပါတယ်။ ဒါအပြင် မဲမ​ပေးရင် လူငယ်ပိုင်း အမျိုးသား​တွေကို စစ်တပ်ထဲပို့မယ်လို့ ခြိမ်းခြောက်တာတွေပြုလုပ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကနဦးကတော့ ရပ်ကွက်ရုံးမှာခေါ်ပြောတယ်။ မဲပေးဖို့အတွက်ပေါ့။ နောက်ကျတော့ အိမ်တိုင်ရာ
ရောက်လာပြောတယ်။ မဲကိုမဖြစ်မနေပေးရမယ်။ မပေးရင် ပြန်ပို့မယ် စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ပြောတယ်။ ကိုယ်တွေက ဧည့်စာရင်းတိုင်ပြီးနေရတယ်။ ပြီးတော့ဘယ်ကနေ ဘာကြောင့်ပြောင်းလာတာလဲဆိုတာပါပြောရတယ်။ဖိအားကတောက်
လျှောက်ပေးတယ်။ အတင်းအကျပ်ကြီးမဲပေးခိုင်းတယ်။ ကိုယ်ပေးချင်ပေးမယ် မပေးချင်မပေးဘူးပေါ့။ သူတို့ပြောစရာမှမလိုတာ။ရန်ကုန်ကို စစ်ရှောင်လာတဲ့သူတွေက တော်တော်ဒုက္ခရောက်တယ်” လို့ ရခိုင်မှ စစ်ဘေးရှောင်လာသူတစ်ဦးကPeople’s Spring ကိုပြောပါတယ်။

စစ်အုပ်စုကသန်းခေါင်စာရင်းကောက်ယူတယ်ဆိုပြီး စစ်ဘေးရှောင်တွေရဲ့ စာရင်း​တွေကိုကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့သူတွေဟာ အခက်အခဲတွေကြုံတွေ့ရပြီး လူမျိုးခွဲခြားဆက်ဆံတာတွေလည်းရှိတယ်လို့ သိရပါတယ်။

“ရခိုင်ကဆိုရင် အိမ်ငှားမပေးချင်ကြဘူး။ ပိုက်ဆံပေးတာတောင်မရဘူး။ အိမ်ရှာရလည်းခက်တယ်။ နှိမ်ချင်ကြတယ်။ အဆင်မပြေတာတွေမှတပုံကြီး” လို့ စစ်​ဘေး​ရှောင်တဦးက​ပြောပါတယ်။

ဒါ​ကြောင့် စစ်​ဘေး​ရှောင်ပြည်သူ​တွေဟာစစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့
မဲထည့်ဖို့ ​ဆက်တိုက်ခြိမ်း​ခြောက်ဖိအားပေးနေတာကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေရပြီး အခက်ကြုံ​နေကြရတယ်လို့ စစ်​ရှောင်ပြည်သူ​တွေက​ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် အာရက္ခတပ်​တော်(AA)က မြို့နယ် ၁၄ မြို့နယ်ကိုထိန်း
ချုပ်ထားပါတယ် ။ စစ်​တွေ၊​ကျောက်ဖြူ ၊မန်​အောင် သုံးမြို့နယ်ကိုပဲ စစ်တပ်ကထိန်းချုပ်နိုင်ပြီးလတ်တ​လော ​ကျောက်ဖြူနဲ့ စစ်​တွေမြို့နယ်​တွေမှာလည်းတိုက်ပွဲ​တွေဖြစ်ပွား​နေပါတယ် ။ဒါ​ပေမယ့်စစ်တပ်က AA ထိန်းချုပ်ထားတဲ့​​ဒေသ​တွေကိုလည်း ​​လေယာဥ်နဲ့ ဗုံးကြဲတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ​တွေလုပ်လို့ ပြည်သူ​တွေ မကြာခဏ ​သေဆုံးထိခိုက်မှု​တွေရှိပါတယ် ။

အလားတူ ရှမ်းပြည်နယ်၊ပင်​လောင်းမြို့နယ်ကိုလာ​ရောက် တိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကိုလည်း စစ်အုပ်စုနဲ့ ပြည်သူ့စစ်​တွေက စစ်တပ်​ရွေး​ကောက်ပွဲမှာ မဲမ​ပေးရင် စားနပ်ရိက္ခာ​တွေ ဖြတ်​တောက်မယ်လို့ ခြိမ်း​ခြောက်​နေတယ်လို့
​ဒေသခံအချို့က​ပြောပါတယ် ။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေ​ကြောင့် ပြည်သူ သုံးသန်းခွဲ​ကျော်ဟာ ​နေအိမ်​တွေစွန့်ခွာထွက်​ပြေး​နေရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ ​မြေပြင်အ​ခြေအ​နေမှန်မှာ စစ်တပ်ကဗုံးကြဲလို့ ၊​နေအိမ်​တွေမီးရှို့လို့ ၊စစ်​ကြောင်းထိုးဖျက်ဆီးလို့ ၊တိုက်ပွဲ​တွေဖြစ်လို့ထွက်​ပြေး​နေရတဲ့ ပြည်သူအ​ရေအတွက်ဟာ ကုလသမဂ္ဂထုတ်ပြန်တာထက်ပိုများတယ်လို့ အကူအညီ​ပေး​နေသူ​တွေနဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ