Connect with us

Hi, what are you looking for?

သတင်း

ဟားခါးက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ယူလာပြီး SRFတပ်ထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်ပူးပေါင်းလာကြောင်း ဆဲထန်ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားယူလာတဲ့ လက်နက်နဲ့ ကျည်ဆံတွေကိုတွေ့ရပုံ ဓာတ်ပုံ - Senthang Revolution Force

အောက်တိုဘာ-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်ပူးပေါင်းလာကြောင်း ဆဲထန်ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားဟာ အောက်တိုဘာ ၂၇ရက်မှာ MA 1 တစ်လက်၊ကျည်ဘောက်သုံးခုနဲ့ ကျည်အနည်းငယ် ယူလာပြီး ပူးပေါင်းလာလို့ SRF ကလည်း လက်ဆောင်အနေနဲ့ ငွေနဲ့ အခြား အဖိုးတန်ပစ္စည်းတွေ ချီးမြှင့်ခဲ့တယ်လို့ အသိပေးပါတယ်။

ကျန်ရှိနေတဲ့ ရဲဘော်အားလုံးကိုလည်း အမြဲတမ်း ကြိုဆိုနေကြောင်း SRFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း SRF ဆီကို စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ အတူ ပူးပေါင်းလာတဲ့ ဖြစ်စဉ်အချို့ရှိပါတယ်။

အောက်တိုဘာ ၂၄ရက်ကလည်း ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားတစ်ဦးဟာချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) -ဟားခါးဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ