Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲနီးလာချိန် မန္တလေးမှာ ပုဂ္ဂလိကဝန်ထမ်းအင်အားစာရင်းကောက်ခံ

မန္တလေးမြို့မှာရွေးကောက်ပွဲမဲပေးဖို့အတွက်ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းအင်အားစာရင်းကို စစ်ကောင်စီ ရဲ့ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးက တောင်းခံတာရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ – ၂၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာရွေးကောက်ပွဲမဲပေးဖို့အတွက်ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းအင်အားစာရင်းကို စစ်ကောင်စီ ရဲ့ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးက တောင်းခံတာရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအောက်တိုဘာလကုန်ပိုင်းမှာတောင်းခံလာတာဖြစ်ပြီး ရွေးကောက် ပွဲမှာမဲပေးနိုင်ဖို့အတွက်ရ​ပ်ကွက်ရုံးကစာရင်းတောင်းလာတာလို့ မန္တလေးမြို့ရှိ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက အကြီးပိုင်းဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဝန်ထမ်းရဲ့ အမည်​၊ အသက် ၊ လိပ်စာ အချက်အလက်တွေကို တောင်းခံတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့အခြေစိုက်ပုဂ္ဂလိကလုပ်ငန်းတွေကဝန်ထမ်းတွေရဲ့အမည် မဲစာရင်းမှာမပါရင်လာမယ့်နိုဝင်ဘာလဒုတိယပတ်မှာထပ်မံ ကြေညာမယ့် မဲစာရင်းမှာ သွင်းပြီး မဲပေးစေမယ့် အလားအလာရှိနေတယ်လို့ ခန့်မှန်းကြတာလည်းရှိပါတယ်။

ဝန်ထမ်းအင်အားစာရင်းတောင်းခံတဲ့ လုပ်ငန်းတွေထဲမှာ ဆေးရုံတွေ ၊ အသေးစား ၊ အလတ်စား အလုပ်ရုံတွေ ၊ စားသောက်ဆိုင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲပေးစက်နဲ့မဲပေးပုံကို သင်ကြားပေးထားပါတယ်။

လာမယ့်ဒီဇင်ဘာလ ၈ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲအပိုင်း (၁)ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

ဆက်စပ်သတင်းများ