Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့်ဒေသများ ပြန်‌လည်ထူထောင်ရေး ချေးငွေ​ပေးမည်ဟု စစ်​ကောင်စီဆို​သော်လည်းလက်​တွေ့မှာလျှောက်ထားလို့မရ​သေး

စစ်ကိုင်းငလျင်ဒဏ်သင့်ဒေသ​တွေ ပြန်‌လည်ထူထောင်ရေးအတွက် ချေးငွေတွေကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကစတင်လျှောက်ထားနိုင်ပြီလို့ အသိပေးကြေညာထား​ပေမယ့်မြေပြင်တွင် လျှောက်ထားလို့မရသေးကြောင်း ဒေသခံ​တွေကပြောပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး ​နောက် မန္တ​လေးမြို့မှာပျက်စီးအ​ဆောက်အအုံ​အောက်က ပိတ်မိ​နေသူ​တွေကို ပြည်သူ​တွေကရှာ​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-​ဒေသခံ

​အောက်တိုဘာ-၂၉၊၂၀၂၅။တာရာ/People’s Spring

စစ်ကိုင်းငလျင်ဒဏ်သင့်ဒေသ​တွေ ပြန်‌လည်ထူထောင်ရေးအတွက် ချေးငွေတွေကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကစတင်လျှောက်ထားနိုင်ပြီလို့ အသိပေးကြေညာထား​ပေမယ့်မြေပြင်တွင် လျှောက်ထားလို့မရသေးကြောင်း ဒေသခံ​တွေကပြောပါတယ်။

ကောင်စီစီရဲ့ဗဟိုဘဏ်ကအောက်တိုဘာ ၁၈ ရက်မှာငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်‌လည်ထူထောင်ရေးအတွက် ချေးငွေများစတင်လျှောက်ထားနိုင်ပြီလို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။

လက်​တွေ့မှာ​တော့ ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက်ချေးငွေနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တွေကို သွားရောက်ဆက်သွယ်ခဲ့​ပေမယ့်လျှောက်ထားလို့ မရသေးဘူးလို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“ဧရာဝတီဘဏ်ကို သွားမေးတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ဘာမှမညွှန်ကြားထားဘူးလို့ပြောတယ်။ လျှောက်လို့ရပြီဆိုရင် ပြန်ပြောပေးမယ်လို့ ဘဏ်ဝန်ထမ်းကပြောတယ်” လို့ မန္တလေးမှ ဒေသခံတစ်ဦးကပြောပါတယ်။

ငလျင်ဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများပြန်လည်ထူထောင်ရန်စစ်ကောင်စီက ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် (၃) နှစ်မှ (၅)နှစ်အထိ သက်တမ်းရှိ ချေးငွေတွေကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသွားမယ်လို့ ဆိုခဲ့တာပါ။

သတ်မှတ်ထားတဲ့အတိုးနှုန်းမှာနေအိမ်နဲ့အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ (အတိုးနှုန်း ၃ ရာခိုင်နှုန်း) အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်း​တွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ၅ ရာခိုင်နှုန်း) စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင်ရေးချေးငွေ (အတိုးနှုန်း ၇ ရာခိုင်နှုန်း)နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက် နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီ​တွေအတွက် ယာယီချေး
ငွေ (အတိုးနှုန်း ၇ ရာခိုင်နှုန်း) ဖြစ်တယ်လို့ဆိုထားပါတယ်။

ဧရာဝတီဘဏ် ၊ UAB ဘဏ် ၊ CB ဘဏ် ၊ ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှာ ပြန်‌လည်ထူထောင်ရေးအတွက် ချေးငွေတွေကို လျှောက်ထားနိုင်တယ်လို့ စစ်​ကောင်စီက ဆိုခဲ့တာပါ။

“ချေးငွေကရဖို့မသေချာပါဘူး။ ဘာလို့ဆို သွားမေးတော့လည်း မသေချာမရေရာတွေပြောတယ်။ လျှောက်လို့ရတာလားမရတာလားမသိသေးဘူးအခုထိ။ မမျှော်လင့်တော့ပါဘူး” လို့ စစ်ကိုင်းမြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်‌မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း‌၊ ပဲခူး
တိုင်း‌နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ​တွေမှာ ပြည်သူ​ပေါင်း​ထောင်ချီ​သေဆုံးခဲ့ပါတယ်။ဒါအပြင်​နေအိမ်​တွေ ၊ စက်ရုံ အလုပ်ရုံ​တွေ၊ စီးပွားရေးလုပ်ငန်း​တွေ ၊ရုံး​တွေ ၊ဘာသာ​ရေးအ​ဆောက်အအုံ​တွေ အ​ဆောက်အအုံ​ပေါင်း​ထောင်ချီ ထိခိုက်၊ ပျက်စီးခဲ့တာ‌ဖြစ်ပါတယ်။ဒါ​ကြောင့် မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီးဟာ မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးမှုနဲ့ ပျက်စီဆုံးရှုံးမှု အများဆုံးမြေငလျင်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စစ်​ကောင်စီက ​မြေငလျင်ကြီးလှုပ်ခတ်ပြီးအ​ရေး​ပေါ် ကယ်ဆယ်​ရေးအကူအညီကို​ရော ၊ပြန်လည်ထူ​ထောင်​ရေးအတွက်ကို​ရော ​ကောင်း​ကောင်းမလုပ်နိုင်ခဲ့ပါဘူး ။ အ​ဆောက်အအုံ​တွေ​အောက်မှာပိတ်မိ​နေတဲ့ ပြည်သူ​တွေကို ကယ်တင်နိုင်ဖို့ အ​ရေး​ပေါ်ကယ်ဆယ်​ရေးအကူအညီ​ပေးဖို့ ​နှောင့်​နှေးခဲ့သလို ပြန်လည်ထူ​ထောင်​ရေးအတွက်လည်း အကူအညီမ​ပေးနိုင်ခဲ့ပါဘူး ။စစ်​ကောင်စီက နိုင်ငံတကာအကူအညီ​တွေ ဖိတ်​ခေါ်ခဲ့​ပေမယ့် နိုင်ငံ​ပေါင်းများစွာက အ​ရေး​ပေါ်ကယ်ဆယ်​ရေးလာ​ရောက်ကူညီခဲ့​ပေမယ့် ပြန်လည်ထူ​ထောင်​ရေးအတွက်အကူအညီ​ပေးတာ​တော့ နည်းပါးပါတယ်။

တချိန်တည်းမှာ စစ်တပ်က ငလျင်ဒဏ်ခံရတဲ့ စစ်ကိုင်း ၊မန္တ​လေးတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ ​ ငလျင်လှုပ်ပြီး​နောက်ပိုင်းလေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်မှု​တွေပိုလုပ်လာတဲ့အတွက် က​လေးငယ်​၊ အမျိုးသမီး နဲ့ သံဃာ​တော်​တွေ အပါအဝင် သေဆုံးသူအ​ရေအတွက်ပိုများလာခဲ့ပါတယ် ။

ဆက်စပ်သတင်းများ