Connect with us

Hi, what are you looking for?

သတင်း

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ်ကိုစစ်တပ်ကပြန်ရဖို့ စစ်ကြောင်းထိုးဖို့ပြင်​​နေ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်​ရေးအရအ​ရေးပါတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့ ဆည်တော်ကြီး ရေလှောင်တာတမံကို စစ်အုပ်စုကပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးဖို့ ပြင်နေတယ် လို့ ဒေသခံ တွေဆီကစုံစမ်းသိရပါတယ်။

မတ္တရာမြို့နယ် က ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်) ကို မန္တ​လေးPDF နဲ့ မဟာမိတ်​တွေက သိမ်းပိုက်ခဲ့စဥ်။ ဓါတ်ပုံ-MDY-PDF

အောက်တိုဘာ၂၈၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်​ရေးအရအ​ရေးပါတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့ ဆည်တော်ကြီး ရေလှောင်တာတမံကို စစ်အုပ်စုကပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးဖို့ ပြင်နေတယ် လို့ ဒေသခံ တွေဆီကစုံစမ်းသိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အတူ​ဖော်​ဆောင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေးနဲ့ မဟာမိတ်တပ်​တွေက ​၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)တပ်စခန်း ၊ဆည်​တော်ကြီးစခန်းအခန်းအပါအဝင် စစ်​ကောင်စီစခန်း ၄၀ ခန့်ကို သိမ်းပိုက်ပြီး မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုထိန်း

ချုပ်ခဲ့ပါတယ် ။ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို PDF ​တွေသိမ်းပိုက်ခဲ့တာမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းအများအပြားကိုဖမ်းဆီးနိုင်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် စစ်တပ်က ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး သင်တန်းဆင်းစစ်သားသစ်​တွေ ၊စစ်တပ်လက်​​အောက်ခံပျူ​စောထီး​တွေအပါအဝင် တပ်ဖွဲ့ဝင် ​အင်အားထောင်ချီသုံး ၊​ ​အ​သေခံဒရုန်း၊လေ​ကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အများအပြားသုံးတန်ပြန်ထိုးစစ်ဆင်ခဲ့တာမှာ ဖ​ယောင်း​တောင်​ရွှေလုပ်ကွက် ၊Alpha ဘိလပ်​မြေစက်ရုံအပါ စခန်းအများအပြားကို PDF ​တွေပြန်စွန့်လွတ်ခဲ့ရပါတယ်။

အခုအခါ ကျန်​နေတဲ့ စခန်း​တွေထဲက လေကြောင်းရန်ကာကွယ် ရေးတပ်နဲ့ ဆည်တော်ကြီး ရေလှောင်တမံစခန်းတို့ကို စစ်တပ်ကပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်​နေတာပါ။ တန်ပြန်ထိုးစစ်ပြန်ဆင်ဖို့အတွက် စစ်တပ်က ကျွန်းပင်ရွာနဲ့ သဖန်းကိုင်းရွာတို့မှာ လက်ရှိ စစ်အင်အား ၃၀၀ ခန့်‌‌ရောက် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“လေကြောင်း ရန်ကို ဝင်ဖို့က ၁၀၀ရာခိုင်နှုန်း သေချာသွားပြီဗျ။သူတို့ဘက်က စစ်ကြောင်းပေါင်း စုဖွဲ့ တာတွေ လုပ်နေတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

လက်ရှိစစ်တပ် ကတပ်စုဖွဲ့ထားတဲ့ ကျွန်းပင်နဲ့ သဖန်းကိုင်းရွာဟာ ‌‌လေ ကြောင်းရန်ကာကွယ် ရေးတပ်နဲ့ အလွန်ဆုံး ၂မိုင်အကွာမှာရှိပြီး ကြားမှာကျေးရွာ၃ရွာ​လောက်ပဲ ရှိနေတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ကမတ္တရာမြို့နယ်အရှေ့ခြမ်းကို အခုရက်ပိုင်း ဗုံးကြဲမှု​တွေပိုလုပ်​နေပါတယ်။

အောက်တိုဘာလ၂၆ ရက်နေ့ကတော့ မတ္တရာမြို့နယ်အ ရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၄ဦး သေဆုံးကာ ၉ဦး ဒဏ်ရာ ရထားပါတယ်။

အောက်တိုဘာလ၂၂ ရက် နေ့ကလည်း ဆိပ်သာ ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ​သေဆုံးဒဏ်ရာရ သူများခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ