Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းမှာ ပျူစောထီးအဖွဲ့ မိုင်းထိ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ခရီးသွားကားတွေကို ငွေတောင်းဖို့ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ မိုင်းထိပြီး ၂ဦးသေဆုံးကြောင်း MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ပျူ​စောထီး ကို မိုင်းဆွဲတိုက်ခိုက်စဥ်။ ဓါတ်ပုံ-File Video

အောက်တိုဘာ-၂၉၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ခရီးသွားကားတွေကို ငွေတောင်းဖို့ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ မိုင်းထိပြီး ၂ဦးသေဆုံးကြောင်း MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၂၆ရက် မနက် ၆နာရီ မိနစ် ၄၀ခန့်က မုံရွာ-မန္တလေးလမ်းပေါ်ကို ခရီးသွားကားတွေဆီကနေ ငွေတောင်းဖို့ ထွက်လာတဲ့ အင်အား ၂၀ ပါ ပျူစောထီးအဖွဲ့ကို ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေရာမှာတင် ပျူစောထီး တစ်ဦးသေဆုံးကာ ၆ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရသွားသူများထဲမှ တစ်ဦးလည်း ထပ်မံသေဆုံးခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူကားတွေတားပြီး ထပ်မံမိုင်းရှင်းခိုင်းပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြ
ပါလို့ပဲ ပြောချင်ပါတယ်”လို့ MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် ပျူစောထီးအဖွဲ့ရဲ့ ထိခိုက်သေဆုံးမှုတွေကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ထိခိုက်သေဆုံးတဲ့ ပျူစောထီးတွေဟာ တောပူကျေးရွာကဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ခရီးသွားယာဥ်တွေဆီကနေ ငွေညှစ်တာ၊ မုံရွာနယ်တောင်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA၊MONWYA DYNAMIDE-STF၊ CHINDWIN FIGHTER GROUP.CFGတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နောက်တရက်မှာလည်း မုံရွာ-မန္တလေးလမ်းပိုင်းက မအူစစ်ဆေးရေးဂိတ်အနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ယာဥ်တွေပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေကို လူသားဒိုင်းလုပ်တာ၊ မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ပြည်သူတွေသတိပြုသွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ