Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကူးတံတားအချိုးခံရပြီး စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရပြီးနောက် တံတားပတ်ဝန်းကျင်ကိုစစ်တပ်ကတနေ့လုံးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုးကျသွားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားကို တွေ့ရစဥ်

အောက်တိုဘာ-၂၉၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရပြီးနောက် တံတားပတ်ဝန်းကျင်ကိုစစ်တပ်ကတနေ့လုံးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နဲ့ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားကို အောက်တိုဘာ၂၈ ရက် မနေ့ည ၁၁နာရီခန့်မှာ မိုင်းခွဲခံရပြီး တံတားကျိုးကျခဲ့တာလို့ သိရပါတယ်။

“တံတားကျိုးသွားပြီ။ မနက် ၁၀နာရီကျော်ကတည်းက စစ်တပ်က လေယာဉ်တွေဆက်တိုက်တက်ပြီး ဗုံးကြဲနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

‌မနက် ၁၀နာရီမှာ ဂျက်ဖိုက်တာနဲ့ တစီးတည်းကို ၃ကြိမ် ပတ်ကြဲသွားပြီး လေယာဉ်ဆက်တိုက်တက်ကာ နေ့ခင်း ၁၂နာရီကျော်မှာ လေးစီးမြောက်နဲ့ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ နေရာအတိအကျကို မသိရပေမယ့် တံတားပတ်ဝန်းကျင်နဲ့ စဉ့်ကူး၊ လက်ပန်လှရွာဘက်တွေကို ကြဲနေတာလို့ လှမ်းမြင်နေရတဲ့ ပြည်သူတချို့က ပြောပါတယ်။ တံတားကျိုးတာ ၊စစ်တပ်က ဗုံးကြဲတာ ၊စစ်​ရေးအ​ခြေအ​နေ​တွေနဲ့ ပတ်သက်ပြီး ​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့​တွေကိုဆက်သွယ်​မေးမြန်းဖို့ People’s Spring က ကြိုးစား​ပေမယ့် ဆက်သွယ်လို့မရ​သေးပါဘူး။

ဒီတံတားဟာ စစ်ကိုင်းတိုင်းဘက်ခြမ်းမှာ ကျောက်မြောင်းစစ်တပ်ရှိပြီး စဉ့်ကူးမြို့ဘက်ခြမ်းမှာ MDY-PDFတို့ စိုးမိုးထားကြတာပါ။

စစ်တပ်က ဒီနယ်မြေတွေကို စိုးမိုးဖို့ကြိုးစားနေပြီး ကုန်းလမ်းမှာ မတ္တရာဘက်ခြမ်းကနေ စစ်ကြောင်းထိုးနေသလို စဉ့်ကူးမြို့နယ်ရဲ့ မြောက်ဘက်ကလည်း စဉ့်ကူးသပိတ်ကျင်းနယ်စပ်အထိ သိမ်းယူထားပါတယ်။

ဆက်စပ်သတင်းများ