အောက်တိုဘာ-၂၉၊၂၀၂၅။တေဇ/People’s Spring
ထိုင်းနိုင်ငံမှာရုံတင်နေတဲ့ ဗြောသံ ရုပ်ရှင်ကို ပြည်သူတွေက Boycott ပြုလုပ်ထားတာကြောင့် ကြည့်ရှုသူမရှိဖြစ်နေပြီး ဗြောသံကို ကြော်ငြာပေးတဲ့ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်ခံနေရပါတယ်။
ဖြိုးငွေစိုးတို့ရဲ့ မဟာနွယ်ဘားမှာ ဂရိုမိုးရှင်းစလုပ်တဲ့နေ့ကတည်းက မဟာချိုင်နယ်မြေက မြန်မာလုပ်သားတွေနဲ့ ဗြောသံဇာတ်ကားစီစဉ်တို့ ပြဿနာစတင်ဖြစ်ပွားခဲ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ မဟာချိုင်အခြေစိုက် AAC မဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။
“ဖြိုးငွေစိုးတို့ဘားမှာ ရိုက်ကြမယ်၊နှက်ကြမယ်အထိဖြစ်တာ။အစီစဉ်အကုန်ပျက်သွားတယ်။ အခုလည်း မဟာချိုင်မှာ ဗြောသံကြည့်မယ့်သူ မရှိကြဘူး။ ဘယ်သူမှကို မကြည့်ကြတာ။ ကျနော်တို့လည်း ရုပ်ရှင်နဲ့ပတ်သက်ပြီး စောင့်ကြည့်နေကြတာ။ ကြည့်မယ့်သူ မရှိဘူး”လို့ ဦးခိုင်ကြီးကဆက် ပြောပါတယ်။

Public Service Announcement
ဒီဇာတ်ကားကို ထိုင်းနိုင်ငံ မဟာချိုင်ဘက်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပြီး အွန်လိုင်းဆယ်လီတွေက ဒီရုပ်ရှင် အကြောင်းကို တင်ပေးခဲ့သလို တချို့ဆိုင်တွေကလည်း ဒီဇာတ်ကားကို ကြော်ငြာပေးခဲ့တာကြောင့် Boycott ပြုလုပ်နေကြတာပါ။
ထိုင်းရောက်မြန််မာလုပ်သားတွေကိုကူညီပေးနေတဲ့
အေအေစီ ကိုရဲမင်းကလည်း”ထိုင်းထဲမှာ ဗြောသံနဲ့ ပတ်သက်တဲ့သူတွေရော ထိုင်းက တောသီး ဆယ်လီတွေရော ဆိုင်တွေက ပြန်တောင်းပန်ထားကြတယ်။ ဒါက Boycott နဲ့ပတ်သက်လို့ တိုးတတ်အောင်မြင်လာတယ်။” လို့ ပြောပါတယ်။
Fake NewsCommunity Check (Fncc) Burma က ဗြောသံရုပ်ရှင်ကိုကြော်ငြာပေးသူတွေနဲ့ ဆိုင်တွေကို Boycott ပြုလုပ်ဖို့ ပုံတွေနဲ့ အတူစတင်ဖော်ပြခဲ့တာပါ။
ဒီလိုကြော်ငြာလိုက်တာကြောင့် U THET ဦးသက် ဆိုတဲ့ အွန်လိုင်းဆယ်လီနဲ့ လက်တွဲလုပ်ကိုင်တဲ့ One Step Bar & Restaurant က Social Punishment ပြုလုပ်တဲ့အနေနဲ့ ဆက်လက်လက်တွဲအလုပ်လုပ်တော့မှာ မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။
“ထိုင်းရောက် မြန်မာဆယ်လီ ငသက်ခေါ် ဦးသက်ဆို တဲ့ကောင်က ပြည်သူကို တောင်းပန်ရမဲ့ အစားကျနော်တို့ Pageက တင်လိုက်လို့ သူ့ကို လက်တွဲ ဖြုတ်လိုက်တဲ့ ဆိုင်ကို Liveမှာ ထိုးချနေပါတယ်။ ဒီလိုလူတွေဟာ ထမင်းငတ်မှာ မို့လို့ တောင်းပန်တာ သာ ဖြစ်ပြီး နိုင်ငံရေးခံယူချက် မရှိတဲ့သူတွေပါ။ အခုလဲ လုပ်ငန်းတွေမဌားတော့လို့ ငိုပြလဲ Social Punishment ဟာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ လိုက်ခြိမ်းချောက်တဲ့ ကိစ္စတွေ တောင် ရှိပါတယ်။ ဒီလို ကောင်မျိုးကို ဘယ်နေရာမှာ မှ နေရာ မပေးမိကြဖို့ လိုပါတယ်။” လို့ Fnccက ဆိုပါတယ်။
ဗြောသံ ရုပ်ရှင်က စစ်ကောင်စီသမီးနဲ့ ဆက်စပ်မှုရှိသူတွေက ထုတ်လုပ်ထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ စစ်ကောင်စီကြောင့် တိမ်းရှောင်နေရသူ အ
များအပြားရှိတဲ့နိုင်ငံမှာ မျက်နှာပြောင်တိုက် ပြီး သွားရောက်ပြသခဲ့တာလို့ ဝေဖန်ခံနေရပါတယ်။
“အခုဗြောသံရုပ်ရှင်ကိုကြည့်မယ့်သူမရှိသလောက်
ပဲ။ ဘယ်သူမှလည်း မကြည့်ရဲဘူး။ ဒါကို BC လုပ်နေတာဆိုတော့။ပထမကြည့်မယ်ဆိုတဲ့လူတွေတောင် မကြည့်ရဲတော့ဘူး” လို့ ကိုရဲမင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ ဗြောသံရဲ့ အဓိကသရုပ်ဆောင် နေဝင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်တဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ထားတာကြောင့် Boycott လုပ်ကို လုပ်ရမယ့်ကားဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ဘက်ကထပ်မံတိုက်တွန်းထားပါတယ်။
ဗြောသံရုပ်ရှင်အပြင် ပြီးခဲ့တဲ့ရက်က အိုင်းရင်းခရော့ခ်အဖွဲ့ရဲ့ ဖျော်ဖြေပွဲအတွက် ကြော်ငြာပေးခဲ့တဲ့ ဆိုင်တွေနဲ့ အွန်လိုင်းဆယ်လီတွေက ပြန်လည်တောင်းပန်တာတွေ ပြုလုပ်ထားပါတယ်။
အိုင်းရင်းခရော့ခ်ပွဲအတွက် ပရိုမိုးရှင်း ဗီဒီယိုရိုက်ကူးခဲ့တဲ့ Cecilia Rose နာမည်နဲ့ အွန်လိုင်းဆယ်လီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ တရားဝင်တောင်းပန်ထားပြီး နောက်ပိုင်းလည်း လူထုက Boycottထားတဲ့ Brand တွေနဲ့ လက်တွဲလုပ်ကိုင်မှာ မဟုတ်ဘူးလို့ ကတိပေးထားပါတယ်။


















































